Part 11မဝေးပါရစေနဲ့
Unicode
Arthit pov
လူရှုပ်မွေးနေ့မသွားတော့ဘူး ဆုံးဖြတ်ထားပေမဲ့ P Mos ခဏခဏ ဖုန်းဆက်လို့ P'Kang နဲ့ ထွက်လာခဲ့သည် လမ်းမှာ P ကို ကားရပ်ခိုင်းပြီး နာရီဝယ်လိုက်သည် ဒီခေတ်လူငယ်တွေ နာရီပတ်မပတ်မသိပေမဲ့ ကျွန်တော် လူရှုပ်အကြိုက်ကို မသိတာကြောင့် ကျွန်တော် ဝယ်ပေးချင်တာပဲ ဝယ်ပေးခဲ့သည် ခြံထဲကားဝင်တာနဲ့ လူရှုပ်ပြေးလာပြီ ကားတံခါးလာဖွင့်ပေးသည်
" မျှော်လိုက်ရတာ Uncle "
" Uncle ကို မျှော်တာ ဟုတ်ရဲ့လား ကလေး "
" Uncle P အိမ်ထဲဝင် အပြင်မှာက လူများတယ် "
အိမ်ထဲရောက်တော့ အစာအစားတွေ စုံလင်ပေမဲ ကျွန်တော်နဲ့တည့်တာ တစ်ခုမှ မပါဘူး အဲ့ဒါကြောင့် ပွဲတွေတက်ဖို့ တော်တော်အခတ်တွေ့ရသည်
" P ဘာစားမလဲ ဘာထည့်ပေးရမလဲ "
" ကလေး လေကောင်းလေသန့် ရတဲ့နေရာ မရှီဘူးလား "
" ရှီတယ် Uncle ဘာဖြစ်လို့လဲ "
"ညီငယ်ကို ခေါ်သွားပေးပါ "
" ဟုတ်ကဲ့ "
ကျွန်တော် P ကို ရေကူးကန်နား ခေါ်လာပြီး ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်သည် ဒါပေမဲ့ P က ထိုင်ခုံမှာ မထိုင်ပဲ ရေကူးကန်နားမှာ လက်နှစ်ဖတ်ဆန့်ပြီး လွတ်လပ်ပေါ့ပါးစွာ အသက်ရှုနေသည် အဲ့ဒါဆို P စိတ်ရှုပ်ပြီး အသက်ရှူမဝဖြစ်နေခဲတာလား
" P ဘာစားမလဲ "
" သစ်သီးရလား သစ်သီးစားချင်တယ် "
" မွေးနေ့လာပြီး သစ်သီးပဲ စားမလို့လား P "
" အစာစားဖို့လာတာမှ မဟုတ်တာ "
" အဲ့ဒါဆို ကျွန်တော်ကိုခင်လို့လာတာပေါ့ ဟုတ်လား P "
" P Mos ကိုခင်လို့ပါ "
" ဒါပေမဲ့ ကျွန်တော်မွေးနေ့လေ "
" Happy Birthday Kong ရော့ "
လက်ဆောင်ကို P ဆီက ရမယ်လို့ မမျှော်လင့်ထားဖူး အခုတော့ P က လက်ဆောင်တောင်ပြင်လာတယ်