D 7

602 65 37
                                    

[ Note- ဒီပုံပြင်လေးမှာ cover song နှစ်ပုဒ်ကိုထည့်သုံးထားပါတယ်။ အမှန်အတိုင်းဝန်ခံပါ့မယ်။ နှစ်ပုဒ်စလုံးရဲ့မူရင်းအဆိုရှင်တွေကိုကလေးမသိပါဘူး။ အဆိုရှင်အမည်တွေဟာကလေးရဲ့စိတ်ကူးသက်သက်သာဖြစ်ပါကြောင်း။ ဘာသာပြန်ဆိုချက်များသည်လည်းကလေးရဲ့ ပြန်ဆိုချက်များသာဖြစ်ကြောင်း။ ဒီ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရမယ်ဆိုတောင်းပန်ပါတယ်။ media video လေးကိုနားထောင်ဖြစ်အောင် နားထောင်ပေးပါနော်။]










အထက်တန်းနောက်ဆုံးနှစ်၏ပထမဆုံးကျောင်းဖွင့်ရက်ဖြစ်သည် ။

မင်ဆော့သည်သူ၏စာသင်ခန်းရှိရာသို့အေးဆေးစွာပင်လျှောက်လာခဲ့သည် ။ ဒီတစ်နှစ်လည်းစာကြိုးစားရမည် ။ ဒီနှစ်သည်ခါတိုင်းနှစ်များထက် သာ၍ပင်အရေးကြီးနေသေးသည် ။ နှစ်ဆုံးစာမေးပွဲအောင်မြင်လျှင် ဆိုးလ်အမျိုးသားဆေးတက္ကသိုလ်ဝင်ခွင့်ရချင်သည် ။ မင်ဆော့၏ဆန္ဒမဟုတ် ။ မင်ဆော့မိဘများ၏ဆန္ဒသာဖြစ်သည် ။ မင်ဆော့ကမူပီယာနိုလေးတီး၍ ဘဝကိုသံစဉ်များအကြားတွင်နှစ်မြုပ်လိုခဲ့သည် ။ မိဘများ၏ပြောကြားချက်အရ ဒီအလုပ်သည် စားသာသောအလုပ်မဟုတ်ကြောင်းမင်ဆော့လက်ခံထားရသည် ။ ဆရာဝန်လုပ်ပြီးအပန်းဖြေသဘောမျိုးနှင့် ပီယာနိုတီးလည်းရသည်ဟု သူ့ကိုသူဖြေသိမ့်ထားခဲ့သည် ။

စာသင်ခန်းအတွင်း သူထိုင်နေကျနေရာတွင် စာအုပ်တစ်အုပ်ကို သည်းကြီးမည်း ကြီးဖတ်လျှက် ထိုင်နေသောကောင်လေးကို တွေ့လိုက်ရသည် ။ အတန်းများနှင့် စာသင်ဆောင်များသာ ပြောင်းခဲ့ကြသော်လည်း အတန်းဖော်များကတော့ မပြောင်းလဲခဲ့ကြရာ အတန်း၏လက်ယာဘက် ဒုတိယတန်းထောင့်တွင် မင်ဆော့ ထိုင်တတ်မှန်း အားလုံးကသိကြသည် ။ အသစ်ပြောင်းလာသောကျောင်းသား ဖြစ်ဟန်တူသည် ။ ဒီလိုထူးထူးဆန်းဆန်း ဆံပင်ပုံမျိုးကို အတန်းထဲမှာ မည်သူမျှမထားကြ ။ ယခုထိုကျောင်းသား၏ ဆံပင်တို့က ဂုတ်ထိရောက်အောင် ရှည်နေကြပြီး အရှေ့ဆံပင်တွေကိုဆီနှင့် သပ်သပ်ရပ်ရပ်လှန်တင်ထားသည် ။ သိပ်တော့မထူးဆန်းဘူးဟု ယူဆနိုင်သော်ငြား မင်ဆော့အတွက်ကတော့ ထိုကျောင်းသား၏ ဆံပင်ပုံစံက ထူးဆန်းနေသည် ။ ဘယ်သူကများဆံပင်အ ရှည်ထားပြီးဒီလိုလုပ်ကြလို့လဲ ။

Song Bird [XiuChen]Where stories live. Discover now