Immortal 4

832 121 7
                                    

ဒီ​နေ့​တော့Yoongiပထမဆုံးအ​နေနှင့်​စာသင်​ခန်းထဲဝင်​​လေပြီ..

Jiminကိုယ်​တိုင်​သူ့ကိုအခန်း​ရှေ့ထားသွားပြီးသူ့အတန်းဆီကိုသူသွား​တော့သည်​..

ပျင်းစရာ​ကောင်း​သောစာသင်​ချိန်​​တွေ​ကြောင့်​Yoongiစိတ်​ညစ်​မိသည်​..

"Aishh..မပြီးနိုင်​​တော့ဘူးဒီclass​တွေကလည်း..''

သူ့အချိန်​ဇယားကိုကြည့်​လိုက်​မိ​တော့​နောက်​တစ်​ချိန်​ကCalculusသင်​ရမှာ..

မဖြစ်​​တော့..မြန်​မြန်​​ပြေးမှဖြစ်​​တော့မည်​..

ခပ်​တည်​တည်​နှင့်​လွယ်​အိတ်​​ကောက်​ဆွဲပြီးအတန်းထဲကထွက်​လာခဲ့သည်​..

"စာကြည့်​တိုက်​ထဲ​ရှောင်​​နေရင်​​ကောင်းမလား..''

ဘေးနားကနီးရာ​ကျောင်းသား​တွေကို​မေးပြီးYoongiစာကြည့်​တိုက်​ထဲ​ရောက်​လာခဲ့သည်​..

ဟိုကြည့်​ဒီကြည့်​နှင့်​​လျှောက်​ကြည့်​ရင်းနှင့်​​နေရာတစ်​ခုမှာစာအုပ်​​တွေလှန်​​လှောရှာ​နေတဲ့Jiminကို​တွေ့သွားသည်​..

တစ်​ချက်​ပြုံးလိုက်​ပြီး​ဘေးနားကစာအုပ်​စင်​ကိုမှီရင်းJiminကိုစိုက်​ကြည့်​​နေမိသည်​..

Jiminစာအုပ်​ရှာ​နေတဲ့ပုံကိုကချစ်​ဖို့​ကောင်းသည်​လို့သူ​တွေး​နေမိသည်​..

သူ့ကိုသတိထားမိသွားသည်​ထင်​သည်​..သူ့ဘက်​လှည့်​လာတဲ့Jimin..

"Hyung..''

မျက်​လုံး​တွေမှိတ်​သွားတဲ့အထိပြုံးပြ​နေတဲ့Jimin..

သူလည်းပြန်​ပြုံး​နေမိသည်​..

ရုတ်​တရက်​သူ့​ခေါင်းထဲကလူတစ်​​ယောက်​ရဲ့ပုံရိပ်​နှင့်​စကားသံများ..

"အစ်​ကို..ဘာလို့ကျွန်​​တော့်​ကိုရယ်​ပြ​နေတာလဲ..''

"ရယ်​တာမကြိုက်​ဘူးလား..''

"အရမ်း​ချော​နေ​တော့ကျွန်​​တော်​​နေရခက်​တယ်​..''

"Hyung!ဒီမှာဘာလုပ်​​နေတာလဲ..''

Jiminရဲ့အသံကြားမှအသိပြန်​ဝင်​လာတဲ့Yoongi..

"ဟင်​?''

ImmortalWhere stories live. Discover now