ကျွန်တော့သိတဲ့ အချစ်ဆိုတဲ့အရာက နူးညံ့ချိုမြိန်လှပ
နေတဲ့အရာတစ်ခု မဟုတ်ခဲ့ဘူး ကျွန်တော် သိတတ်စ
အရွယ်ကတည်းက ကြုံတွေ့ခဲ့ရဖူးတဲ့ အချစ်ဆိုတဲ့အရာ
ကတော့.....*** *** *** *** *** *** *** *** *** ***
! ခွမ်း !ကျောင်းကပြန်လာလို့ အိမ်ထဲပင်မ၀င်ရသေး ကြားလိုက်ရသော အသံကြောင့် ခြေလှမ်းတွေရပ်သွားမိပေမယ့် ခဏသာ မျက်တောင်တသ်ချက်ခတ်ပြီးသည်နှင့် ခြေလှမ်းများ
ကို ရှေ့ ဆက်လိုက်သည်။" မင်းက ဘာအချိုးချိုးတာလဲ..... အခုထိ ငါ့ကို မင်းရဲ့အစေ
ခံ အဖြစ်မြင်နေတုန်းလား.... မင်းကိုယ်မင်းရော အခုထိသခင်မလို့ထင်နေတာလား... သခင်မလိုနေချင်ရင် မင်းအိမ်ကို ပြန်....သွားလေ ..... မင်းရဲ့ ဂုဏ်သရေရှိမိသားစု အသိုင်းအ၀ိုင်းမှာ သခင်မသွားပြန်လုပ်.... ငါ့အိမ်မှာ ငါနဲ့နေပြီး
ငါ့ကို အထင်သေးသလို လာမဆက်ဆံနဲ့...."" တော်ပါတော့.... သားပြန်ရောက်လာတော့မယ်...... ကလေးကြားသွားရင်မကောင်းဘူး....."
" ဘယ်သူ့ကိုဂရုစိုက်ရမှာလဲ..... ဟော့ဒီကသလင်မကိုလား.... မဟုတ်ရင် သခင်မရဲ့ သား သခင်လေးကိုလား...ဒါငါ့အိမ်.... ငါပိုင်တယ် မင်းကငါ့မိန်းမ ...သူကငါမွေးထားတဲ့ငါ့သား.... ငါက ဘယ်သူ့ကိုကြောက်နေရမှာလဲ
....."Appa ရဲ့ အသံက ဆူညံမနေပေမယ့် အိမ်ထဲတစ်အိမ်လုံး
မှာ ကြားဖို့အတွက်တော့ လုံလောက်သည့်အသံ။Omma
ရဲ့ တိုးကျိတ်ကျိတ်အသံကလဲ ငိုရှိုက်မှုမပါ ထိတ်လန့်မှုမရှိ
ခပ်အေးအေးသာ။အချစ်။ ချစ်ကြသည်တဲ့။အခုလို စကားလုံးတွေနဲ့ စစ်ထိုးနေ
တတ်သော ကျွန်တော့်ရဲ့ Appa ဟာ Omma ကိုချစ်မိတာကြောင့် သူ့ရဲ့အလုပ်ရှင် ဖြစ်သော Omma ရဲ့ Appa ကို သစ္စာဖောက်ကာ Omma ကိုခေါ်၍ထွက်
ပြေးလာခဲ့သူ။Appa ရဲ့စကားတစ်လုံးချင်းစီကို အလေး
အနက်နားထောင်တတ်သော ကျွန်တော့် Omma ဟာ
Appa ကိုချစ်တာကြောင့် စည်းစိမ်ဥစ္စာတွေသာမက
မိသားစုနဲ့ဂုဏ်သိက္ခာကိုပါစွန့်ပစ်ကာအခြေအနေမဲ့ Appa
နောက်ကို မကြောက်မရွံ့ လိုက်လာခဲ့သူ။ ချစ်ကြသူနှစ်ဦး
ဖြစ်ပါလျက် တခြားသူတွေလို ရယ်မောပျော်ရွှင်ကာ သာယာကြည်နူးမနေကြပဲ အေးစက်စိမ်းကားနေသော အခြေ
အနေတစ်ခုဖြင့် မိသားစုအဖြစ်နေထိုင်နေကြသော ကျွန်တော့်ရဲ့ Appa နဲ့ Omma ကို ကြည့်ကာ ကျွန်တော်
တွေးမိသည်က အချစ်ဆိုတဲ့အရာဟာ ချောကလက်တစ်
တောင့်လို ချိုမြမွှေးကြိုင်နေတဲ့အရာ မဟုတ်ဘူးလို့ပေါ့ အနံ့
အရသာနဲ့ပြည့်စုံသော လှပစွာထုပ်ပိုးထားသည့် ချောကလက်လေးကို ကျွန်တော်ကြိုက်ပေမယ့်လဲ ရက်လွန်ကာအနံ့
ဆိုးထွက်နေသော သုံးထောင့်ကင်ဘတ် တစ်ခုကိုတော့
ကျွန်တော် မမက်မောပါ ထိုအချိန်က အချစ်ဆိုတဲ့အရာဟာ
ကျွန်တော့်အတွက် ရက်လွန်နေသော သုံးထောင့် ကင်ဘတ် တစ်ခုသာဖြစ်ခဲ့ခေသည်။