1

3.7K 219 1
                                    

ဂျပန်စာရေးဆရာကြီး တစ်ယောက်ရဲ့ အချစ်ဒသန စာအုပ်
တစ်ခုကို Snowball လို့အမည်ပေးထားတဲ့ ကနေဒါက
စာအုပ်ဆိုင်တစ်ခုကနေ ကျွန်တော်ဝယ်လာတယ် …

အဲ့စာအုပ်ကို SouthKorea ပြန်နေတုန်း လေယျောဉ်
ပေါ်မှာ စတင်ပြီး ဖတ်လိုက်သည် …

မြင်မြင်ချင်းအချစ်ဟာ အချစ်စစ် မဖြစ်နိုင်ပါဘူး တဲ့

အဲ့စာကြောင်းကိုဖတ်ရင်း ကျွန်တော့်အတွေးထဲမှာ စာရေး
ဆရာကို အကွန့်တက်ကြည့်တယ် … စာရေးဆရာကြီး
ကများ မြင်မြင်ချင်းချစ်မိတဲ့လူနဲ့ ကွဲကွာခဲ့လို့ ဒီစာသားကို
ရေးတာလားပေါ့ … ဒါဆို နှစ်ရှည်လများကြာ သိကျွမ်းခဲ့
တယ်ဆို အချစ်စစ်လို့ပြောချင်တာလား ?

လူတွေဟာ လွယ်လွယ်လေးကို ခက်အောင် တွေးတော
ကျတယ် … အချစ်ဟာ ပုံစံမျိုးစုံနဲ့ ကာလာစုံ သီးသန့်
ထုတ်တဲ့ သကြားလုံးတစ်လုံးလိုပဲ .  အစပိုင်းမှာ ချိုပြီး
တဖြည်းဖြည်းနဲ့ချဉ်လာကာ ပါးစပ်ထဲမှာတင်ကုန်သွား
တယ် … နောက်ဆုံးတော့လည်း ဘာမှတောင်မကျန်
လိုက်ဘူး ! ဒီအတိုင်းသိမ်းထားပြန်ရင်လည်း အငွေ့ပြန်
ပြီး ပုရွက်ဆိတ်စားလို့ ကုန်သွားဦးမည် …

8 နာရီကြာလေယျာဉ်စီးပြီးတဲ့နောက်မှာ Korea
Airpot ကို လေယျာဉ်စိုက်လာခဲ့သည် …

နောက်ဆုံးတော့ ကမ္ဘာပတ်ပြီး 4 နှစ်အကြာမှာ မွေးရပ်မြေ
ကိုပြန်ရောက်လာခဲ့ပြီ … အိမ်ကကျောင်းတက်ခိုင်းတဲ့
ပိုက်ဆံတွေကို အပြည့်အဝခရီးသွားပြီး ပြန်လာသော
Xing ဟာ အရမ်းကိုသက်သောင့်သက်သာဖြစ်စွာ သူ့
ခရီးဆောင်အိတ်ကို အသာဆွဲပြီး Airpot အပြင်ကို
ထွက်လာသည် …

"  ရာသီဥတုလေးက ကောင်းလိုက်တာ   "

နေကာမျက်မှန် ကိုချွတ်ပြီး … သူ့မျက်နှာပေါ်ကျနေသော
နေရောင်ခြည်အား အခုမှပြန်တွေ့ရသော ချစ်သူတွေပမာ
ထိတွေ့ကာ အရူးတစ်ယောက်လိုပြုံးနေတယ် …

"   သခင်လေးကို လာကြိုခိုင်းလိုက်လို့ပါ   "

"အင်း ~ ငါ့အိတ်ယူလိုက်ဦး အရေးကြီးတာတွေပါတယ် "

4 နှစ်တာလုံး နိုင်ငံပေါင်းစုံက ပစ္စည်းတွေကို ဝယ်ထား
ရတာနည်းလား ? ဒါတောင် ကနေဒါက သူငယ်ချင်းအိမ်
မှာအထုတ်တထုတ်ကျန်ခဲ့လို့  Korea လာရင် တစ်ခါ
တည်းယူလာခဲ့ဖို့ မှာထားရသေးသည် .  Xing ကားထဲ
ဝင်လိုက်တော့ အနောက်ခန်းမှာ ကွဲကွာနေတာ ကြာပြီ
ဖြစ်သော သူ့အထိန်းတော်ဟောင်းကြီးက Xing အား
မပြုံးချင်ပြုံးချင်ဖြင့် ပြုံးပြရှာတယ် …

Baby's BreathWhere stories live. Discover now