တစ်ရက်လေးပဲ အလုပ်လုပ်ရသေးတယ် မျက်နှာလေး
ချောင်ကျသွားသော xingကို အဖွားကြီး Zhang
ကကြည့်ရင်း သူ့မြေးလေးအတွက် စိတ်မကောင်းခြင်းဖြစ်
နေသည် … တကယ်တော့ သူ့မြေးက အလုပ်ပင်ပန်းလို့
မဟုတ်ပဲ လင်ပူမိနေတာကိုတော့ သူမ မသိလိုက်ပါ …အလုပ်က 10:00 နာရီလောက်မှပြန်လာသော Xing
ကို ညစာစားဖို့ Mama Zhang ကပြောသော်လည်း
အရက်နဲ့ဗိုက်ပြည့်လာသော Xing ကကတော့ အပေါ်
ထပ်ကိုသာ ယိုင်တိယိုင်တိုင်ဖြင့်တက်သွားသည် !Zhang သခင်လေးရဲ့ဘဝမှာလိုချင်တာဆို လက်ဖြောက်
တစ်ချက်တီးယုံဖြင့်ရနေပြီး အခုမှ Card အသိမ်းခံလိုက်
ရတဲ့အပြင် သူ့ရဲ့မြင်မြင်ချင်း အချစ်လေးကိုလည်း ဆုံးရှုံး
လိုက်ရတော့ တစ်ခါမှမတွေ့ဖူးသော စိတ်ဆင်းရဲမှုကို
Xing အသေအလဲခံနေရသည် …ဘဝဟာဒီလောက်ပြည့်စုံနေတာကိုတောင်သူက ကံကြမ္မာ
ကို အပစ်ဖို့ပြီး ကျိမ်ဆဲနေသေးတယ် …*******
မြေးကိုတုန်နေအောင်ချစ်တဲ့ အဖွားကြီး Zhang က
Xing အရင်စီးနေကျ ပြိုင်ကားလေးကို ပြန်ပြီးပေးဖို့
papa zhang ကိုအပူတိုက်တော့သည် … သူ့မြေး
လေးအလုပ်မှာ မျက်နှာငယ်တယ်ပေါ့ Zhang မိသားစု
က သခင်လေးဖြစ်ပြီး သူ့အဖေကားကပ်စီးနေရတာ မြင်
မကောင်းဘူးပြောတာကြောင့် Xing ဟာ ဒုတိယနေ့
အလုပ်တက်တဲ့အချိန်မှာ သူ့ပြိုင်ကားလေးဖြင့် Hotel
ကို လာရသည် .တစ်ရက်လောက်မျက်နှာလေးညိုးရုံဖြင့် ပြာပြာသလဲဖြစ်
နေတဲ့ အဖွားကိုရထားတာကြောင့် Xing အတွက်တော့
သူ့အသည်းကွဲဒဏ်ရာကို အခွင့်ကောင်းယူ့ပြီး သိမ်းထား
တဲ့ card လေးပါပြန်ရဖို့ အတွက် ပိုပြီး သေလောက်
အောင်စိတ်ဆင်းရဲနေတဲ့ ပုံစံဖြင့် နေပြသည်…တကယ်တော့ သူ့အသည်းကွဲမှုဟာ မနေ့ညထဲက ပြီးဆုံး
သွားပြီ … Xing ဟာသူ့မာန အကျခံပြီး အခြားလူတစ်
ယောက်အတွက် နာကျင်နေတယ်ဆိုတာရာဇာဝင်မရှိဘူး!
အခုတောင် သူက Myeon ကိုအတော်လေး လိုလိုချင်
ချင်ဖြစ်နေလို့ အရက်သောက်ပြီး ဖြေဖျောက်ခဲ့တာတောင်
သူ့ကိုယ်သူ အတော်လေး နာကျင်နေပြီထင်နေတာ…
YOU ARE READING
Baby's Breath
RomanceXingHo ( Yaoi ) #Faတွေမဖတ်ရ 5555!!! ကျွန်မ Second Bais လေး HO ရဲ့ Fic သီးသန့်ရေးရမှာမို့ အရမ်း အရမ်းကို စိတ်လှုပ်ရှားနေပါတယ် ဟဲဟဲ ... Ho ဆိုတဲ့လူသားဟာ ကျွန်မအတွက်တော့ လှလွန်းလို့ မှန်ဘောင်လေးထဲ ထည့်ပြီး သိမ်းထားချင်တဲ့ လူတစ်ယောက်ပါ ... ဘယ်သူမှလည်း မေ...