Part 14Arthit
ကျွန်တော်နိုးနိုးချင်း ကျွန်တော်လက်ကို ကိုင်ထားတဲ့ လက်တစ်စုံ အဲ့ဒီလက်ပိုင်ရှင်ကို ကျွန်တော်မကြည့်ပဲ သိနေပါပြီ
" နိုးလာပြီလား ဒီတစ်ခါအိပ်တာဘယ်လိုလဲ ရင်ထဲမှာရော့ မွန်းကျပ်နေသေးလား အသက်ရှုရောကျပ်သေးလား "
အမြဲတမ်း တရစပ်မေးတက်တဲ့ P'Mick ကြောင့် P ရော လူရှုပ်ပါနိုးလာသည်
" ညီငယ် ဘယ်လိုနေသေးလဲ "
" သက်သာလား P "
စိုးရိမ်တကြီးမေးနေတဲ့ထဲမှာ လူရှုပ်ပါ ပါနေသည် ကျွန်တော် ထထိုင်လိုက်ပြီး
" P'Mick မျက်ကွင်းတွေညိုနေပြန်ပြီ အဲ့ဒါကြောင့် ကျွန်တော်ကျန်းမာရေးကို ဂရုစိုက်ရဲ့သားနဲ့ "
" ဘယ်လိုဖြစ်တာလဲ ညီငယ် "
" ကျွန်တော်ကို နောက်က တစ်ယောက်တွန်းလိုက်တာ "
မျက်နှာပျက်သွားတဲ့ လူရှုပ်က
" P ကျွန်တော်မဟုတ်ဘူး ကျွန်တော်မဟုတ်ဘူး "
" ငါသိပါတယ် မင်းဝင်သွားပြီး ခဏလေးနဲ့ ပြန်ထွက်ပြီး ငါကိုမတွန်းချတာ ငါသိပါတယ် "
" ဘယ်သူလဲ Oon "
" ဘယ်သူလည်း မသိပေမဲ့ ရေမွေးနံကိုတော့ မှတ်မိပါတယ် "
" ဘာအနံလဲ Oon "
"ကျွန်တော်ကို ဘာလို့ အဲ့လောက်တောင် အများကြီး မေးနေရတာလဲ ကျွန်တော် ဗိုက်ဆာပြီ "
" မမေးလို့မရဘူး Oon ဒါ Oon ကို တမင်တကာ လုပ်တာဆိုရင် လူသတ်မှုပဲ "
" ဟုတ်တယ် ညီငယ် ဘယ်လိုလူမျိုးက ညီကိုမုန်းပြီး သတ်ချင်စိတ်ဖြစ်ရတာလဲ "
မိန်းကလေးတစ်ယောက်မှန်းသိပေမဲ့ ကျွန်တော်မပြောဖို့ပဲ ဆုံးဖြတ်လိုက်သည် တကယ်လို သူမသာ ယောက်ကျားတစ်ယောက်လို့မျိုး အားသန်စွာ တွန်းခဲ့ရင် ကျွန်တော်အခုလောက်ဆို သေနေလောက်ပြီ ဒါပေမဲ့ စဉ်းစားမရတာက ကျွန်တော်ကို ဘယ်လိုမိန်းကလေးမျိုးက မုန်းနေပါလိမ့်
" Oon မေးနေတယ်လေ "
" နောက်မှမေးနေပါ့လား Pတို့ P'Arthit ဗိုက်ဆာနေပြီ "