Part 16
Arthit
P'Mick လိုက်ခေါ်ပြီး ကျွန်တော်လက်ကို ဆွဲလိုက်တာကြောင့်
" ဒီ်နေ့တော့ ဒီအတိုင်းပြန်ခွင့်ပြုပါ P "
"P လိုက်ပို့ပေးမယ် "
" ကျွန်တော် စိတ်နာတာပဲရှီတာပါ စိတ်မလှုပ်ရှားပါဘူး ကိုယ့်ဘာသာ ကားမောင်းလို့ရပါတယ် "
" P ကိုတော့ စိတ်မနာပါနဲ့ "
" ဘာဖြစ်လို့ P ကို စိတ်နာရမှာလဲ "
" Mood က P ညီမဖြစ်နေလို့လေ "
" မဆိုင်ပါဘူး ကျွန်တော်ပြန်တော့မယ် P "
" ကားကို ဖြေးဖြေးမောင်းနော် ပြန်ရောက်ရင်လည်း ဖုန်းဆက်အုန်း P စိတ်ပူလို့ "
" ဟုတ်ကဲ့ "
ကျွန်တော် တလမ်းလုံး Mood စကားတွေကို ကြားယောင်ပြီး ဒေါသဖြစ်နေသည် ဘာကို ဒေါသဖြစ်လို့ဖြစ်မှန်းလည်းမသိဘူး အိမ်ရောက်တော့ ကားပေါ်ကဆင်းပြီး တံခါးကို စောင့်ပိတ်လိုက်တာကြောင့် P ထွက်လာပြီး
" ဘာဖြစ်လာတာလဲ ညီငယ် "
ကျွန်တော်အိမ်ထဲဝင်တာနဲ့ တွေ့လိုက်ရတဲ့ လူရှုပ်မျက်နှာကြောင့် စိတ်ပိုတိုလာသည်
" P ပြန်လာတာစောတယ်နော် ကျွန်တော်အကြာကြီး စောင့်ရမယ်မှတ်နေတာ "
" P သူကိုဘာလို့ လက်ခံထားပြန်တာလဲ "
" ညီငယ် ကလေးကိုဘယ်လိုပြောလိုက်တာလဲ ကလေးကညီငယ်ကို စိတ်ပူပြီးဘယ်လောက် စောင့်ခဲ့ရလဲ "
" ဘာစိတ်ပူတာလဲ သူကြောင့် ကျွန်တော်ဘဝကံဆိုးရတာ အခုငါသိခဲ့ပြီ Kong ငါကိုရေထဲတွန်းချတဲ့သူကိုး အဲ့ဒါတခြားသူမဟုတ်ဘူး မင်းချစ်သူ Mood ပဲ"
" ဗျာ ! ဟုတ်လို့လား Pရယ် "
" ဘာလဲမင်းက မယုံဘူးလား အခု သူမကိုယ့်တိုင်ငါကို ဝန်ခံလိုက်တာပဲ "
" သူမ P ကို ဘာကြောင့်ရေထဲ တွန်းချတာလည်း ကျွန်တော်မသိဘူး တကယ်ပါ P "
" ငါက သူချစ်သူကို လုယူမှာကြောက်လို့တဲ့ "
" မဟုတ်ဘူးP အထင်လွှဲနေပြီ ကျွန်တော်နဲ့သူမက ဘာမှမဆိုင်ပါဘူး ချစ်သူမဟုတ်ပါဘူး သာမာန်ရိုးရိုး သူငယ်ချင်းပါ "