Part 17

2K 149 2
                                    

Part 17

" ဘာပြောလိုက်တာ P'Arthit ကိုရေထဲတွန်းချတာ Mood ဟုတ်လား  "

သူငယ်ချင်းတွေ အံသြသလို့ ကျွန်တော်လည်း Mood လုပ်ရက်ကို အံသြသည်

" အဲ့ဒါငါတို့ အမှားပဲ Kong "

" မင်းအမှားဟုတ်လား Tew  "

" မင်းမွေးနေ့မှာ ငါတို့သူကိုပြောမိတယ် မင်းသဘောကျနေတဲ့သူရှီတယ်လို့ အဲ့ဒါ Moodက မင်း Pကိုသဘောကျတာ ရိပ်မိသွားတယ်ထင်တယ် "

" ဟုတ်တယ် Kong  ငါတို့ပြောမိတယ်  ပြောလည်းပြောချင်စရာပဲကိုး သူမက မင်းချစ်သူလို့ မော်ကြွားချင်နေတာကိုး "

" Mood နဲ့ငါ စာရင်းရှင်းမှဖြစ်တော့မယ် နဂိုထဲက P က ငါကိုအမြင်မကြည့်လို့ ငါမှာ Uncle တွေတည့်တာကိုး ပျော်ပြီးကြိုးစားနေမယ်ကြံသေး ဒီအရှုပ်ထုတ်ကတော့ကွာ "

" ရှင်းသင့်တယ် kong နို့မို့ဆို မင်း P စိတ်ကြီးပုံနဲ့ မင်းကို ပြန်မချစ်ပဲ မင်းကို သတ်နေအုန်းမယ် "

" ဟာ မင်းတို့ကလည်း မဦးမချွတ် ဒါပေမဲ့ P သာ သတ်မယ်ဆိုရင် အသေခံဝံ့ပါတယ်  "

" ရူးပြီ  မင်းတော့  "

" ငါ Mood ကို သွားတွေးလိုက်အုန်းမယ် အလုပ်တွေတော့ မင်းတို့ပဲ ကြည့်လုပ်ထားတော့  "

"  အေးပါ Kong ငါတို့သိပါတယ် Mood ဆီသွားပြီး မင်းP ဆီသွားမှာ မဟုတ်လား "

"ဟုတ်တယ်  သိရင်လည်း ပြောမနေနဲ့တော့ သွားမယ် "

ကျွန်တော် Mood နဲ့ တွေ့ဖို့ အိမ်ထဲမဝင်တော့ပဲ ခြံထဲမှာပဲ စောင့်နေလိုက်သည်

" Kong ဘာလို့အိမ်ထဲမဝင်တာလဲ "

" ငါနင်ကိုပြောမဲ့စကားတွေကို နင်မိဘတွေမကြားစေချင်လို့ "

" ဘာပြောမလို့လဲ  ငါကို နင် ..."

" နင်ဘာလို့ P ကို ငါနဲ့ နင်ချစ်သူဖြစ်တယ်လို့ လျှောက်ပြောရတာလဲ "

" မဟုတ်လို့လား kong နင်က ငါနဲ့အမြဲတွဲပြီး ဘယ်သွားသွားအတူတူပဲလေ  ငါမိဘတွေဆို မယူသေးဘူးလားပဲမေးနေတာ "

" ငါက နင်ကို ဘာလို့ယူရမှာလဲ  နင်ရူးနေပြီလား ငါကတော့ ညီမလေးတစ်ယောက်လို့ကောင်းပေးလိုက်ရတာ နင်ကတော့ ငါအရမ်းမြတ်နိုးတဲ့ P ကိုမှ ရေထဲတွန်းချပစ်တယ် "

မဝေးပါရစေနဲ့Where stories live. Discover now