*တီ တီ တီ*
နှိုးစက်ကို အိပ်ယာထဲက လှမ်းပိတ်လိုက်ပြီး စောင်ခြုံအောက် Sehun ပြန်ကွေးနေလိုက်သည်!
"အင်း~ ထချင်သေးဘူး"
အပျင်းဆန့်ရင်း တစ်ဖက်လှည့်ကာ ဖက်လုံးကို ကောက်ဖက်လိုက်တယ်!
" ? ....."
Sehun ဖက်မိတဲ့ အရာက ဖက်လုံးထက် အနည်းငယ်ကြီးပြီး နည်းနည်းအေးစက်စက်!???
"u...whaaaaaaaaaa~ "
*ဝုန်း*
"အား~ နာလိုက်တာ~ သေပြီ ခါးကျိုးပြီထင်တယ်~"
Sehun လန့်ပြီးနောက်ဆုတ်လိုက်တာ ကုတင်ပေါ်က ပြုတ်ကျသွားတယ်!
"ဆူတယ်ကွာ စောစော စီးစီး~"
Luhan က အိပ်ချင်မူးတူးနဲ့ တဖက်ကိုလှည့်သွားရင်း တိုးတိုးရေရွတ်နေတယ်!
"အင်~ အော် Luhan ပဲ ငါ့နှယ်လန့်လိုက်တာ ဘယ်သူကြီးတုန်းလို့ နောက်အေးစက်စက်ကြီး"
Sehun ကျက်သီးထသွားတဲ့ လက်မောင်းနှစ်ဖက်ကို အသာပွတ်လိုက်ရင်း ကုတင်ပေါ်ပြန်တက်လိုက်တယ်! Luhan က နှစ်နှစ်ခြိုက်ခြိုက်ပြန်အိပ်နေပြန်သည်! Sehun Luhan ကို ငုံကြည့်ရင်း အတွေးထဲထူးဆန်းနေသည်! သူထင်ထားတဲ့ နတ်ဆိုးနဲ့ Luhan ကများစွာကွာခြားသည်! ဒီကောင်လေးဘာလို့ နတ်ဆိုးဖြစ်နေလည်း? ဒါမှ မဟုတ် သူ့ရဲ့ နဂိုပုံစံက ဒီလိုမဟုတ်ဖူးလား ?
*ဒေါက်* *ဒေါက်*
"Sehun ဘာဖြစ်တာလည်း ? မင်း အခန်းထဲက 'ဝုန်း' ဆိုတဲ့အသံကြားတယ်"
"အာ ဘာမှမဖြစ်ဖူးhyung~"
Sehun Luhan ကို စောင်နဲ့ အုပ်ခဲ့ပြီး တံခါးအမြန်ပြေးဖွင့်လိုက်သည်!
"ဟီး ဘာမှ အဖြစ်ဖူးhyung လှိမ့်လိုက်တာ ကုတင်ပေါ်က ပြုတ်ကျတာ"
"ငါတို့ Sehunnie ကတော့လေ ကလေးကျနေတာပဲ ခုထိကုတင်ပေါ်က ပြုတ်ကျတုန်း"
Baekhyun က Sehun ဆံပင်တွေကို လှမ်းဖွရင်း ပြောလိုက်တယ်!
"ကဲ မြန်မြန်အကျီလဲ အောက်မှာ မနက်စာလုပ်ထားပြီးပြီ"