Part 18Kong
ကျောင်းကိုသွားပြီး စောင့်နေပေမဲ့ P ထွက်မလာပေ အချိန်တစ်နာရီကျော်ထိစောင့်တာတောင် P ထွက်မလာလို့ P အိမ်ကို ထွက်လာခဲ့လိုက်သည် P အိမ်ရောက်တော့ P နဲ့ Uncle ထမင်းစားခန်းမှာ ထမင်းစားနေသည် ကျွန်တော်ကို မြင်တာနဲ့ P ထမင်းစားပွဲဝိုင်းက ထသွားလို့ ကျွန်တော် P လက်ကိုအမှီဆွဲလိုက်သည်
" လွှတ် ငါလက်ကိုလွှတ် "
" မလွှတ်ဖူး P "
" ကလေး !! "
" Uncle ကိုတော့ အားနာပေမဲ့ ကျွန်တော် ဒီနေ့ P ကိုရှင်းပြဖို့လိုတယ် "
" Uncleလည်းဘာမှမပြောပါဘူး Uncle ထမင်းစားနေလို့ တနေရာမှာသွားရှင်းလို့ "
" P ကျွန်တော်သူနဲ့ရှင်းစရာအကြောင်းမရှီဘူး သူကိုသာ အိမ်ပေါ်က မောင်းထုတ်လိုက် "
ကျွန်တော် P ခန္တာကိုယ့်ကို ပွေ့ချီလိုက်ကာ အိမ်ပေါ်ခေါ်သွားလိုက်သည် အိမ်ပေါ်ထက်က ဧည့်ခန်းလဲရောက်တော့ P ကိုချပေးလိုက်သည် P ကိုလည်း ချပေးတော့ P ကျွန်တော်ကိုထိုးသည်
" ထပ်ထိုးချင်သေးလား P ထိုးပါ ကျွန်တော်ကို ဒီထက်နာကျင်အောင် ဘာလုပ်ချင်သေးလဲ P ကြိုက်သလိုလုပ်ပါ "
ကျွန်တော်ထိုးလိုက်တာကြောင့် လူရှုပ်နှုတ်ခမ်းက သွေးတွေ ထွက်လာသည် ကျွန်တော်ဘာလုပ်မိလိုက်တာလဲ သူအပေါ်ဘာလို့ ကျွန်တော်ဒေါသကြီးနေမိပါလိမ့်
" ပြန်ပါတော့ ပြန်တော့ Kong "
ကျွန်တော်ပြောရင်း မောလာသည်
" P ဖြစ်ရဲ့လား "
ကျွန်တော် P အခန်းထဲက ရှုဆေးဂေါက်ကို ယူပြီး P ကိုပေးလိုက်သည် P မောပန်းစွာ ရှူနေရတာကို ကြည့်ပြီး ရင်ထဲနာကျင်နေရသည် P ကိုပွေ့ချီလိုက်တော့
" Kong ! "
" P ကျွန်တော်ကို ထိုးချင်ရင် အားရှီမှ ဖြစ်မှာပေါ့ အခု အားရှီအောင် အရင်နားရအောင်နော် "
Kong ကျွန်တော်ကို့ ကုတင်ပေါ်မှာ လှဲစေပြီး ကျွန်တော် လက်ကို ကိုင်ထားသည်