♤3♤

4.4K 494 5
                                    

"ကြင်ယာတော်မင်းသားငယ်တွေ့ခွင့်တောင်းကြောင်းပါ အရှင်မင်းကြီး"

အထောက်တော်ကြီး၏ ဝင်ခွင့်တောင်းမှု့ကြောင့် Chanyeol မင်းကြီးခမျာ အစီရင်ခံစာလိပ်ကြီးကိုင်ကာ စားပွဲကပဲထရမလိုလို ထွက်ပဲကြိုရမလိုလိုဖြင့်ပြာယာခတ်နေ၏။

"ဝင်ခိုင်းလိုက်"

လှမ်းအမိန့်ပေးလိုက်ပြီး နက်ပြာရောင် နဂါးဝတ်ရုံကြီးအားအသာသပ်ချကာ အိနြေ္ဒတစ်ခွဲသားနှင့်နေသော်ငြား

"မင်းကြီး~"

စူပုတ်ပုတ်လေးနှင့်ဝင်လာသော ကြင်ယာတော်လေးကြောင့် အိနြေ္ဒများသည် အဝေးကိုလွင့်စင်သွားကာ လက်နှစ်ဖက်ကမ်း၍ရင်ခွင်ထက်ဝယ်ခိုနားဖို့ကြိုရလေသည်။

"ကိုယ်တော့် Byun လေးက ဘာတွေအလိုမကျဖြစ်နေရတာတုန်း"

ရင်ခွင်ထဲအတင်းတိုးဝေ့နေရာကနေ စူပုတ်ပုတ်ဖြင့်ခေါင်းလေးထွက်လာကာ

"မင်းကြီးပဲစဉ်းစားကြည့်ဗျာ"

ထိုကဲ့သို့အစချီရင် တော်တော်နဲ့မပြီးတော့သည်မို့ ခုံပေါ်တွင်ထိုင်ကာ ပေါင်ပေါ်ပင်တင်ထားလျှက် စကားတို့အားဆက်စေလိုက်သည်။

"ပြောပါဦး Byun လေးရဲ့ ကိုယ်တော်ကူပြီးစဉ်းစားပေးမယ်လေ"

"Byun လေး ဒီ ပိုးဝတ်ရုံလှလှလေးတွေဝတ်ရတာလဲကြိုက်ပါတယ် တစ်ခါတစ်ခါ မင်းကြီးပို့ခိုင်းလိုက်တဲ့ ပိုးဝတ်ရုံတွေဆို မဝတ်ရသေးတာရှိသေးတယ်။ အခုဟာက"

"အခုဟာက ဘာဖြစ်လို့လဲ Byun လေးရဲ့"

"မင်းကြီးဒီမှာကြည့်လေ"

ဝတ်ရုံရဲ့ကြိုးစတွေကိုဖြည်ချနေတာကြောင့် Chanyeol မင်းကြီးမှာအလန့်တကြားတွေဖြစ်ကုန်၏။

"ဘာလုပ်မလို့လဲ Byun လေး"

သူ့အားပြန်မဖြေအားဘဲ အထပ်ထပ်ဝတ်ထားသော ဝတ်ရုံတို့အား အားကြိုးမာန်တက်ကိုဖြေချနေလေ၏။

"ဒီမှာလေ"

အတွင်းဝတ်ရုံအဖြူလေးအောက်က ဖောင်းဖောင်းလေးဖြစ်နေသော ဗိုက်လေးကိုပြလိုက်တာကြောင့် Chanyeol မင်းကြီးအခုမှပဲအသက်ရှုချောင်သွားတော့သည်။

Consort ByunWhere stories live. Discover now