Royal Love is hurt but sweet (Intro)

28K 843 12
                                    

မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့နေ့၁နေ့

ကံကြမ္မာကစုံတွေ့ပေးလိုက်တဲ့နေ့

မြင်မြင်ခြင်းအချစ်~~

________
တန်တိုင်းပြည်ကြီးရဲ့ လမ်းတွေထဲမှာ လူတွေဟာပြေးလွှားနေလို့နေတယ် အကြောင်းကတော့မိုးကြောင့်ပါ

လူအများစုကမိုးဆိုတာ စိတ်ညစ်စရာတွေသယ်ဆောင်လာတယ် တချို့က မိုးဆိုတာ ပျက်ဆီးမှုဖြစ်စေတယ်ပြောတယ် ကျွန်တော်တို့အတွက်ကတော့ အချစ်ကိုစတင်ခဲ့ပါတယ်

မထင်ခဲ့တဲ့နေရာမှာ အတူတူရပ်ပြီး မိုးဆဲမှာကိုစောင့်ပြီး……
_______
ဒီနေ့ နန်းတော်ထဲမှာ ဘာမှလုပ်စရာမရှိလို့ မြို့တော်ထဲခြေဆန့်ပြီး ပြည်သူတွေစီက သတင်းတွေသွားကြားဖို့ထွက်လာခဲ့တယ် ကျွန်တော်က ဒီ တန် တိုင်းပြည်ရဲ့ 19ကြိမ်မြှောက်ဘုရင် Tian Xin (တန်ရှင်း) ကျွန်တော်ကငယ်ငယ်ထဲက နန်းတော်ရဲ့ စည်းမျဉ်းတွေကြားမှာကြီးပြင်းခဲ့ရတယ် အသက် 10နှစ်မှာထီးနန်းကိုဆက်ခံခဲ့တယ် ကျွန်တော့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုကြောင့် ဘယ်သူမှအာမခံရဲဘူး တချို့ပြောတာတော့ ကျွန်တော်က လူသေရင်တောင် မျက်တောင်မခတ်ကြည့်ရဲတဲ့ သွေးအေးမကောင်းဆိုးဝါးတဲ့လေ ပြည်သူတွေပြောသလိုမဖြစ်အောင်တက်နိုင်သလောက်နေပေမယ့် လူ့အလိုနတ်မလိုက်နိုင်ပါ ဒီနေ့ထွက်လာတုန်းကနေသာနေပြီးရုတ်တရက်ရွာချလိုက်တာကြောင့် တွေ့ရာလမ်းထဲဝင်ပြီး မိုးခိုနေတုန်းဘေးက လူကိုကြည့်လိုက်တော့ လှပတဲ့လူ၁ယောက် မိန်းကလေးလို့တော့ထင်ရတာပဲ ဖြောင့်ဆင်းနေတဲ့ဆံနွယ် မိုးရွာနေလို့စိတ်ပျက်နေတဲ့ မျက်လုံးလေး အလိုမကျလို့ဆူထွက်နေတဲ့ နှုတ်ခမ်းလေး ချစ်ဖို့ကောင်းလွန်းလို့ဘယ်လောက်ကြာကြာငေးနေမိမှန်းမငိတော့ဘူး သူလှည့်ကြည့်တော့မှ ရှက်ရမ်းရမ်းပြီးဘေးဘီကြည့်မိလိုက်တယ် သူ့ကိုကြည့်လေကြည့်လေ နှလုံးခုန်မြန်လာတာကြောင့် သူ့ကိုစကားပြောမလို့ပဲရှိသေးတယ် မိုးကိုလက်နဲ့ကာကာထွက်ပြေးသွားတာကြောင့် အခွင့်အရေးမရပေ

_____
ကျွန်တော်က ယုအမတ်ကြီးရဲ့ သားအကြီးဆုံး Yu  Feng(ယုဖန်) ကျွန်တော် အပြင်ထွက်ခါနီးတိုင်းမှန်ကြည့်မိတယ် ငါယောက်ျားလေးပါလေလို့ပေါ့ ဘာလို့လည်းဆိုတော့ အပြင်ထွက်ရင် ယောက်ျားလေး ဝတ်စုံမပြောနဲ့စစ်သည်ဝတ်စုံဝတ်ရင်တောင် မိန်းကလေးနဲ့မှာလွန်းလို့စိတ်ရှုတ်တယ်ဗျ ဒီနေ့ အိမ်ကမသိအောင် မုန့်ခိုးထွက်စားတာလေ အိမ်က အပြင်အစားအစာမစားခိုင်းဘူး ကျွန်တော်ကဗိုက်အောင့်တက်လို့ပါ ဒီနေ့ ကျွန်တော်မုန့်တွေတောက်လျောက်စားနေတုန်းမိုးရွာလိုက်တာကြောင့် အမိုး၁ခုထဲဝင်မိလိုက်တယ် ခဏနေတော့ လူ၁ယောက်ဝင်လာတယ် ထိုလူကိုကြည့်မိတော့ ခန့်ညားတဲ့အသွင်အပြင် တည်ကြည်တဲ့မျက်နှာ တောင့်တင်းသောခန္ဓကိုယ်ကိုကြည့်ပြီး ကျွန်တော်ရင်ခုန်လာမိတယ် ကျွန်တော်လည်ူအကြည့်မြန်မြန်လွှဲပြီး မိုးတိတ်ဖို့သာစိတ်ကူးမိတယ် ခဏနေတော့ ၁ယောက်ယောက်ကြည့်နေသလိုခံစားရတာကြောင့် လှည့်ကြည့်လိုက်တော့ အဲ့လူလည်းကြည့်မနေပါဘူး ကြာလာတော့ ကျွန်တော်လည်းစိတ်ထဲမှာ တမျိုးကြီးဖြစ်လာတာကြောင့် အိမ်ကိုအမြန်သာပြေးလိုက်တော့တယ်
_____

Royal Love is Hurt but sweet Where stories live. Discover now