စတင်ခြင်းနှင့်အဆုံးသတ်ခြင်း

1.5K 174 1
                                    

အချိန်ကား...နေ့ လည် တစ်နာရီ တိတိ ။
နေရာဒေသအရပ်ဋ္ဌာနေမှာ ဘူဆန်မြို့ နယ် ရှိအထင်ကရစားသောက်ဆိုင်အတွင်း၌ ။ တိတ်ဆိတ်နေသော စားသောက်ခန်းငယ်အတွင်း အသက်၃၀နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် စာကြည့်မျက်မှန်သဏ္ဌာန်အသွင် မျက်မှန်တပ်ဆင်ထားသော အသက်အားဖြင့် ခန့် မှန်း၍ မလွယ်သောအမျိုးသားငယ်တစ်ဦးတို့  ငြိမ်သက်စွာ မစားမသောက်ဘဲ ထိုင်လျက်ရှိနေကြသည် ။

"မစ္စချွဲ...စာချုပ်ကိုအချိန်ရှိခိုက်လုံ့ လစိုက်ကြရင် ကောင်းမယ်ထင်တယ် ။ ဥက္ကဋ္ဌကင်(မ်)ခိုင်းထားတဲ့
ကိစ္စအတွက် ကျွန်တော်သွားစရာရှိသေးတယ် ။"

"အတွင်းရေးမှူးအိုလည်း မထင်ရဘူးနော် ...အလုပ်သိပ်များတာပဲ ။ အေးအေးဆေးဆေးထမင်းတော့
စားလိုက်ပါဦး ။ "

"စာချုပ်ပါအချက်အလက်တွေကိုသဘောတူရင်လက်မှတ်ထိုးပေးပါ။ ရင်းနှီးငွေကို တစ်ခါတည်းယူသွားပါမယ် ။ "

"တကယ်တည်း...။ ဟုတ်ပါပြီ...ခဏတော့စောင့် ။ "

အမျိုးသမီးချွဲဟာ လက်ဖျောက်တီးတော့ အနက်ရောင်ဝတ်လူသားတစ်ဦး လက်ဆွဲအိတ်ကိုင်ဆောင်
ပြီး အခန်းတံခါးဖွင့်ကာ ဝင်ရောက်လာသည် ။

"တံဆိပ်တုံးပေး..."

ထိုလူသားကမ်းပေးသည့်တံဆိပ်တုံးကို အမျိုးသမီးချွဲက ယူ၍ စာချုပ်၌ တံဆိပ်နှိပ်သည် ။ အနုပညာဆန်သော လက်မှတ်တစ်စုံကိုရေးထိုးပြီး အသစ်သောစာချုပ်တစ်စောင်၌ ထိုလူငယ်ကပါ ခပ်ရှုပ်ရှုပ်သော လက်မှတ်တစ်စုံရေးထိုးလိုက်သည် ။

"ရော့...ငွေစစ်ကြည့်ပါဦး ။ "

"ဟုတ်ကဲ့ ။ "

အလေ့အကျင့်အရ မြန်ဆန်သော ငွေရေတွက်ခြင်းအား ငွေရေတွက်စက်ပင် ယှဉ်နိုင်မည်မထင် ။
သဘောကျနေပုံရသည့် အမျိုးသမီးချွဲကို အတွင်းရေးမှူး အို ဆိုသည့်လူငယ် အနည်းငယ်မျှ အပြုံးချွေ
၍ နေရာမှထကာ ခေါင်းငြိမ့်နှုတ်ဆက်လိုက်သည် ။ ထို့ နောက်...။ အခန်းငယ်မှ ထွက်လာပြီး လျင်မြန်သောခြေလှမ်းတို့ ဖြင့် စားသောက်ဆိုင်ပြင်ပသို့ ထွက်ကာ အသင့်စောင့်နေလျက်ရှိသော အနက်ရောင်ကားအတွင်း ဝင်ခဲ့သည် ။

Liars [[SeKai]] -[ Completed] ||Zaw+Uni||Where stories live. Discover now