ညီလာခံနန်းဆောင်ကနေကြွလာသောမင်းကြီးမှာ ရာဇအိနြေ္ဒရေပင်မထောက်နိုင် နန်းတော်ရဲ့ရွှေရောင်တိုင်လုံးကြီး တွေနောက်ပြေးပုန်းလိုက် အနည်းငယ်ငုံ့ပြီးသွားလိုက်နှင့်အလုပ်ရှုပ်နေသလို မင်းကြီးနောက်က အထိန်းတော်များနှင့် ရှန့်ကုန်းများကလဲ မင်းကြီးအတိုင်း ဟိုဘက်ပြေးပုန်းလိုက် ဒီဘက်ပြေးပုန်းလိုက်နှင့် အတန်းလိုက်ကြီး ကို့ယို့ကားယားတွေကိုဖြစ်လို့။
အကြောင်းမှာ ညီလာခံနန်းဆောင်အနီးရှိ ရေကန်တော်တွင် ထိုင်နေသော ကြင်ယာတော်မင်းသားငယ်လေးကြောင့် ပင်ဖြစ်သည်။
မင်းကြီးထိုကဲ့သို့ပုန်းနေရသည့်အကြောင်းမှာ လွန်ခဲ့သောတစ်ရက်ခန့်က ကြင်ယာတော်မင်းသားငယ်နှင့် ပေါင်းစည်းခြင်းနန်းဆောင်တွင် အိပ်ဆောင်ဝင်မည်ဟု အမိန့်ချလိုက်သည်။
ကြင်ယာတော်မင်းသားငယ် စာသင်ဆောင်ကနေကြွ၍ နန်းဆောင်သို့ပြန်ရောက်ချိန်တွင် ထိုကဲ့သို့သော အမိန့်အားကြားလိုက်ရသောအခါ
"မကြွနိုင်ဘူးလို့ပြောလိုက်ပါ အထိန်းတော်ကြီး"
"မင်းသားငယ်လေး မင်းပြစ်မင်းဒဏ်သင့်ပါလိမ့်မယ် မသင့်တော်ကြောင်းပါ"
"တယ်!! Byun လေးကိုအကဲစမ်းတာပေါ့"
စာသင်ဆောင်ကပြန်ကြွလာထဲက ဘာကိုအလိုမကျဖြစ်နေမှန်းမသိသောမင်းသားငယ်လေးသည် ယခုလဲ ဝတ်ရုံလက်ကိုအပေါ်ထိဆွဲတင်ကာ မပြေးရုံတစ်မယ် နန်းဆောင်ထဲကနေထွက်သွား၏။
မင်းကြီးခွင့်လွှတ်တော်မူပါ။
ဘုရားတကာ အထိန်းတော်ကြီးများလဲ အနောက်ကလိုက်ပေရဦးမည်။
"မယ်မယ်ဖုရား~~"
"မင်းသားငယ်လေး ဆိုင်းမဆင့်ဘုံမဆင့်ပါလား"
"မယ်မယ်ဖုရား မင်းကြီးမကောင်းဘူး"
"ဟေ!"
စူပုတ်ပုတ်နှင့်အနားသို့တိုးကာပြောလေသော မင်းသားငယ်လက်ကိုအသာဆုပ်ကိုင်ကာ ချော့ရတော့သည်။
"သားတော်က မယ့်မယ့်မင်းသားငယ်လေးကို ဘာတွေအမိန့်ချလို့တုန်းကွဲ့ မယ်မယ့်ကိုလျှောက်တင်ပါဦး"
YOU ARE READING
Consort Byun
FanfictionOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]