Taking

3.5K 68 1
                                    


လက်​ရှိ

Ti ti ti (bell ring)
ပြင်​မှဘဲလ်​သံကြား၍အ​တွေးများဖြတ်​ကာယွန်းဂီ

သက်​ပြင်းတစ်​ခုချမိသည်​။

လက်​ထဲကကုန်​ခါနီး​ဆေးလိပ်​ကိုဖန်​ခွက်​ထဲဖိသတ်​ပြီး

ပါးစောင်​ထဲမှလက်​ကျန်​အ​ငွေ့များကိုရှူထုတ်​​နေမိတယ်

Ti ti ti

ထိုအသံကိုထပ်​ကြားမိ​တော့ထိုင်​​နေတဲ့အနီ​ရောင်​သား
ရေဆိုဖာ​ပေါ်ကထပြီးတံခါး​ပေါက်​ဆီထခဲ့မိတယ်

ကြီးမားတယ်​လို့ဆိုနို်​င်​တဲ့ကွန်​ဒိုထဲမှာယွန်းဂီရဲ့ဖိနပ်​ပါး

အသံနဲ့​ရှေးနာရီအိုကြီးဆီကအသံတို့ကပဲ့တင်​​နေတယ်

ဘယ်​လို​တောင်​အထီးကျန်​ဆန်​​နေတာလဲမင်​ယွန်းဂီ

ကျစ်​~မသတီစရာအ​တွေးများကိုထုတ်​ကာ​သော့ယူပြီးတံခါးကိုဖွင့်​ကာကြည့်​လိုက်​မိ​တော့.....

ယွန်းဂီ​အောက်​နှူတ်​ခမ်းကိုနာနာကိုက်​လိုက်​မိသည်

မိနစ်​အနည်းငယ်​တိတ်​ဆိတ်​​နေပြီး​နောက်​ယွန်းဂီစကားစ​ပြောရန်​ဆုံးဖြတ်​လိုက်​ကာ

'အထဲဝင်​လာခဲ့ ...နမ်​ဂျွန်း'

အ​ဖြေပြန်​မ​ပေးဘဲနမ်​ဂျွန်းဝင်​လာပြီးဆိုဖာ​ပေါ်မှာထိုင်​​နေလိုက်​တယ်

ယွန်းဂီလည်းနမ်​ဂျွန်းထိုင်​​နေတဲ့အနားမှာ နံရံကိုမှီလျက်​ရပ်​​နေမိတယ်​။

ယွန်းဂီထိုင်​​နေတဲ့လူကိုကြည့်​ပြီးအသက်​ရူ​တောင်​မမှန်​​တော့သလိုခံစားရတယ်​မ​နေနိုင်​​တော့တဲ့အဆုံး

'သူ...အဆင်​​ပြေ.. ''သူ ​ကောင်း​ကာင်း​​​နေတယ်​'

ယွန်းဂီဘာမှမ​ပြော​တော့ဘဲနမ်​ဂျွန်းကိုဘဲကြည့်​​နေမိတယ်​ နမ်​ဂျွန်းကသူ့ကိုမကြည့်​ဘဲ​ပြောတယ်

PoisonWhere stories live. Discover now