Part 19
"ကလေး အိမ်ကို အစောကြီး "
" P ကျောင်းသွားရင်မတွေ့ရမှာဆိုးလို့ ဒါနဲ့ P နေမကောင်းလို့ ကျောင်းသွားလို့ရော့ ရပါ့မလား "
" ညီငယ်နေမကောင်းဘူး ကျောင်းသွားစရာလည်းမလိုဘူး ကျောင်းပိတ်တယ်လေ "
" ဟုတ်သား ဒီနေ့စနေပဲ ကျွန်တော် P ကိုတက်တွေ့လို့ရလား "
" ရတာပေါ့ မနက်စာစားဖို့နှိုးလိုက် Uncle မနက်စာပြင်ထားလိုက်မယ် "
" ဟုတ်ကဲ့ Uncle "
အိပ်ခန်းထဲရောက်တော့ ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ P ကိုတွေ့ရသည် P အိပ်ပျော်နေတာကိုး ကြည့်ပြီး P ကို နှိုးဖို့မေ့နေသည် Uncle ဝင်လာမှ
" ဘာလို့လဲ ကလေး နှိုးလို့မရဘူးလား "
" မဟုတ်ဘူး Uncle ကျွန်တော် နှိုးဖို့မေ့နေတာ "
Uncle ပြုံးပြီး အောက်ဆင်းသွားသည် ကျွန်တော် P ကို ကြည့်မဝဖြစ်နေလို့မဖြစ်ဘူး
" P ! P'Arthit "
Pနိုးနိုးခြင်း ကျွန်တော် မျက်နှာကိုတွေ့ပြီး ကဗျာကယာ ထသည်
" မင်း မင်း ငါအိမ်မက်မက် မက်နေပြန်ပြီလား ဒီလူရှုပ်ကို "
" P ကျွန်တော်ကို အိမ်မက်ထဲမှာ ထည့်မက်တယ်ပေါ့ ဟုတ်လား "
P လန့်နေတာကနေ တည်ငြိမ်သွားပြီ
" အိမ်မက်မဟုတ်ဘူးပဲ "
" အိမ်မက်မဟုတ်ပါဘူး P "
P အိပ်ရာထပြီး ရေချိုးခန်းဝင်မယ်လုပ်တော့
" P ခဏ ခဏပါ "
" ဘာလုပ်မလို့လဲ "
" P ရေချိုးဖို့လား မျက်နှာသစ်မလို့လား "
" ရေချိုးမလို့ "
" အဲ့ဒါဆို ခဏစောင့် "
လူရှုပ်ရေချိုးခန်းထဲဝင်သွားသည် ဆယ်မိနစ်ကြာတော့ ပြန်ထွက်လာပြီး
" ရေချိုးလို့ရပြီး ရေဗန်းနဲ့မချိုးနဲ့နော် ကျွန်တော်ရေစပ်ထားတယ် "
" လူရှုပ်ဘာလို့ အဲ့လိုလုပ်ပေးတာလဲ ငါနဲ့ဝေးဝေးနေပါ ငါက သူများလူနဲ့ မပတ်သတ်ချင်ဘူး "