*BitterSweet*
တဆစ်ဆစ်..ခေါင်းထိုးကိုက်မူနဲ့တူ ဘတ်ခ်ဟွန်းဟာ အိပ်ယာပေါ်ကနေ မထချင်ပဲထလိုက်ရသည်။လက်ကဆေးပိုက်ကိုမြင်တော့မှ...နေ့လည်က နေပူကြီးထဲ အပြင်းအထန်လေ့ကျင့်နေခဲ့တာကို မှတ်မိတော့သည်။သူအခုရောက်နေတဲ့အခန်းက ကျောင်းဆေးခန်းဖြစ်လောက်၏။ ရေဆာလွန်းတာကြောင့်..အခန်းထဲမှာ ရေဘူးများရှိမလားဆိုတဲ့စိတ်နဲ့ ခေါင်းကို တစ်ပတ်လည်လှည့်ကြည့်လိုက်သည်။သူရဲ့ကုတင်ဘေးမှာ အားကစားဝတ်စုံနဲ့ မှောက်အိပ်နေသော လူတစ်ယောက်ကို သူအခုမှတွေ့သည်။...မျက်နှာကွယ်ပြီး အိပ်နေတာကြောင့်.သူ့ရဲ့ ခေါင်းပေါ်က ဆံပင်ကောက်ကောက်လေးတွေသာ မြင်နေရ၏။.. သူ့စိတ်အထင်ပြောရရင် ဒီလူက ကျောင်းဆေးခန်းကို ခေါ်လာပေးတဲ့သူဖြစ်လောက်သည်။...
ပြီးတော့..အိပ်နေတဲ့ သူဟာ ပေါ့ရှန်ရဲ့စောင်ကို ဖိထားတာကြောင့်..ထလို့မရဖြစ်နေသည်။...ဒီလူနိုးတဲ့ အထိစောင့်လိုက်သည်က...အကောင်းဆုံးဖြစ်ပေလိမ့်မည်။• 。•
ပတ်ခ်ချန်းယော်လ်ဟာ.. ကျောင်းဘောလုံးကွင်းနဲ့ တော်တော်လေး လှမ်းတဲ့ ကျောင်းဆေးခန်းကို ဘတ်ခ်ဟွန်းကို ချီပိုးပြီး သယ်လာခဲ့သည်။ ခန္ဓာကိုယ်သေးလွန်းတယ်လို့ ယူဆမိပင်မယ့်...အလေးချိန်တော်တော်လေးစီးတဲ့ ကောင်လေးကို သယ်လာရတာ ဆေးခန်းလည်းရောက်ရော အသက်ထွက်မတက်ပဲလို့ ချန်းယော်လ် စိတ်ပေါက်ပေါက်နဲ့ တွေးမိသည်။
ခပ်မြန်မြန်ပြေးသွားတဲ့ ချန်းယော်လ်ရဲ့နောက်ကို အားကစားဆရာနဲ့အခြားကျန်တဲ့သူတွေ မိနစ်ပိုင်းကြာမှ လိုက်မှီတော့သည်။
ချန်းယော်လ်ရဲ့ အပြေးမြန်နှုန်းကို ကြည့်ပြီး...သူ့သူငယ်ချင်းတချို့တောင် လက်မြှောက်အရှုံးပေးလိုက်ရသည်။...မသိရင်..သူ့ရည်းစားဖြစ်လို့ ပြေးနေတဲ့ ပုံနဲ့တောင် တူနေသည်ဟု...သူငယ်ချင်းတစ်အုပ်စု တွေးနေကြလေသည်။ဆရာဝန်ကတော့ ဘတ်ခ်ဟွန်းရဲ့ ခန္ဓာကိုယ်ဟာအရမ်းကိုနုနယ်လို့ နေပူထဲမှာTrainingဆင်းတာမျိုးက ကျန်းမာရေးကိုသာမက ခန္ဓာကိုယ်ပါထိခိုက်စေတယ်ပြောသည်။ချန်းယော်လ်ဟာ အဲ့တာကြောင့်သေမလိုCampထဲဝင်လာရတာလား သောက်ရူးလေးရဲ့ လို့မဆဲမိရုံတမယ် ပြောချင်နေခဲ့သည်။
ကုတင်ပေါ်မှာ ဖြူဖျော့ပြီး လှဲလှောင်းနေတဲ့ ဘတ်ခ်ဟွန်းကို မြင်တော့မှ...စိတ်အနည်းငယ် ပြေလျော့သွားသည်။