Part 21

2.1K 171 5
                                    


Part  21

P နဲ့ ကျွန်တော် တစ်ခန်းထဲမှာ အတူတူနေတာကြောင့် အရင်ထက် ရင်းနှီမှုပိုရခဲ့သလို Pရဲ့ အကြိုက် P ရဲ့ အကျင့်တွေကို သိလာခဲ့တယ်   ကျွန်တော် P ကိုချစ်တာ P ရိပ်မိနေပေမဲ့ ဒီအတိုင်းပဲနေလေသည်  ကျွန်တော် P ဆီက ကျွန်တော်ကို ချစ်တယ်ဆိုတာကို ကြားချင်တယ် P ရဲ့ အချစ်ကိုလိုချင်မိတယ်  ကျွန်တော်  ဆိုင်က ပြန်ရောက်တော့   P ရောက်နေပြီ ရေချိုးခန်းထဲမှာ ရေချိုးသံကြားနေရသည်  ကျွန်တော် P ဝတ်မဲ့ အဝတ်အစား ထုတ်ပေးလိုက်ပြီး

" P' Arthit  !  P ! "

အခန်းထဲက ပြန်ထူးသံမကြားလို့    သော့အပိုကို Uncle ဆီက သွားတောင်းပြီး တံခါးဖွင့်လိုက်တော့ P မေ့လဲနေတာ တွေ့ရသည် စိုးရိမ်ပြီး လိုက်လာတဲ့ Uncle က  ဆေးရုံကားကို ဖုန်းဆက်ခေါ်လိုက်သည် ကျွန်တော်က P ကိုအဝတ်အစားမြန်မြန်လဲပေးကာ ဆေးရုံကားလာတာနဲ့  P နဲ့ အတူ ဆေးရုံကို လိုက်သွားလိုက်သည်  Uncle က P'Mick ကို ကြိုတင်ဖုန်းဆက်ထားတာကြောင့် P ရောက်လာတာနဲ့ P'Mick က အရေးပေါ်ခန်းသို့ ဆေးရုံခုတင်ကို တွန်းသွားသည် ဆက်လိုက်ခွင့်မရှိတဲ့ ကျွန်တော်ရင်ထဲမှာ ပူလောင်နေသည် ဘာမှမဖြစ်ပါနဲ့ ကျွန်တော် တောင်းပန်းပါတယ် P ကို ကျွန်တော်နဲ့ ဝေးရာကို ခေါ်မသွားကျပါနဲ့    Mood ငါကနင်ပြောသလို ဖြစ်နေပြီလား အခုထိ ငါ P ရဲ့ အချစ်ကို မရသေးဘူး  

Mick Pov

Oon အသက်ရှုရခတ်လို့ အောက်စီဂျင် ပေးပြီး ဆရာဝန်လေး hon က နှလုံးရှော့ရိုက်ပြီး

" အသက်မရှူတော့ဖူး  "

ကျွန်တော်စိုးရိမ်သွားကာ မဖြစ်နိုင်ဘူး ဆရာဝန်လေးဆီက စက်ယူကာ ရှော့ရိုက်လိုက်သည်

" နိုးလာပါ Oon  အသက်ရှုပါ အသက်ရှုပါ  "

P တောင်းပါတယ် ကလေးလေးရယ် နိုးလာပါတော့ မင်းကို P စိတ်တိုမိပြီး ပြောမိတာတွေကို တောင်းပန်ပါတယ် စိတ်ကောက်ပြီး မျောမနေပါနဲ့ ထလာပါတော့  အသက်ရှုပေးပါ ကလေးရယ်

" ဆရာ  ဆရာ အသက်ရှုလာပြီ ဆရာ အသက်ရှုလာပြီ  "

"  ကျေးဇူးတင်ပါတယ် Oon  "

မဝေးပါရစေနဲ့Nơi câu chuyện tồn tại. Hãy khám phá bây giờ