ဆိုင်အရှေ့မျက်နှာစာကိုပန်းပင်အတုလေးတွေနဲ့အလှဆင်ထားတယ် မှန်အမည်းတွေကြောင့်အထဲကိုမမြင်ရသေးပေမယ့် ဆိုင်အပြင်ဘက်ပုံစံလေးကတော့တော်တော်ချစ်စရာကောင်းတယ် အဝင်တံခါးပေါက်ကိုဖွင့်ဝင်လိုက်တော့ ကော်ဖီရနံ့သင်းသင်းလေးကစီးကြိုနေတယ် သို့သော်ကော်ဖီဆိုင်ကိုလာတာကော်ဖီသောက်ဖို့မဟုတ်ပါ omm~~~ဘယ်လိုပြောရမလဲ ဇနီးလောင်း hak ဖေဖေရွေးချယ်ပေးထားတဲ့ကျန်တော်ရဲ့ဇနီးဖြစ်လာမယ့်မိန်းကလေးကိုလာတွေ့ရခြင်းသာ
သူမရဲ့ဓာတ်ပုံကိုမြင်ဖူးထားသောကြောင့် ခက်ခက်ခဲခဲမရှာလိုက်ရ ဓာတ်ပုံထဲထပ်အပြင်မှာပိုပြီးကျက်သရေရှိနေတဲ့သူမ ရင့်ကျက်မှုနဲ့ထက်မြတ်မှုက မျက်နှာပေါ်မှာထင်ဟပ်နေတယ် သူမထိုင်နေတဲ့ စားပွဲစီ ကို လျှောက်သွားလိုက်ရင်း
"Mina shi"
သူမ ထိုင်နေတဲ့စားပွဲရှေ့ကိုရောက်တော့ ထိုင်နေတဲ့သူမကို နာမည်ခေါ်လိုက်တယ်"arr Wu yifan shi"
ကိုယ်ကိုမြင်တော့ ထိုင်နေရာကနေထပြီးနှုတ်ဆက်လိုက်တဲ့သူမ"နောက်ကျသွားလားခဗျ "
"arr ကျန်မကစောရောက်နေတာပါ"
"ဟုတ်"
သူမရဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်တယ်"ကျန်မတို့လိုရင်းဘဲပြောကြတာပေါ့"
အေးဆေးတည်ငြိမ်စွာသူမ စကားစလာတယ်"ဟုတ် လက်ထပ် ပွဲကိုတောင်းဆိုစရာ ကျန်တော်တို့ဘက်ကလုပ်သင့်လုပ်ထိုက်တာတွေလုပ်ပေးမယ်ဆိုပေမယ့်လို့"
"ပြည့်စုံပါတယ် ၂ဦး၂ဖက်စီးပွားရေးပူးပေါင်းတဲ့လက်ထပ်ပွဲဘဲ ဘာမှမလိုပါဘူး"
"ဟုတ်ကဲ့ ဒါဆို မင်္ဂလာပွဲအတွက်လိုအပ်တာတွေဝယ်ဖို့ကျန်တော်အတွက်အချိန်ပေးပါ"
ကိုယ်နည်းတူစွာ သူမကလဲ အောင်မြင်တဲ့စီးပွားရေးသမားတစ်ယောက်ဘဲ ဒါကြောင့်သူမရဲ့တန်ဖိုးရှိလှတဲ့အချိန်တွေကိုကိုယ့်ကိုခဏပေးဖို့တောင်းဆိုမိလိုက်ခြင်းသာ"ပေးရမှာပေါ့ရှင် ကျန်မရောရှင်ရောအားတဲ့အချိန် တိုက်ပြီးပျင်ဆင်ကြတာပေါ့"
"ဒါဆိုကျန်တော်ကိုပြန်ခွင့်ပြုပါအုံး"
"ကျန်မလဲပြန်တော့မှာ တူတူထွက်ကြတာပေါ့"
YOU ARE READING
'ညီ'အလိုကျ ~~~~
Fanfictionစေညွန်လိုက်ပါ ညီ~~ စေခိုင်းလိုက်ပါ ညီ~~ ကိုကို့အသက်ကိုတောင်စွန့်နိုင်တယ်ညီ~~ အားလုံးဖြစ်စေရမယ်ညီ~~ ကိုကို့ နှလုံးသားကိုရင်းရလဲရပါတယ်ညီ~~ ပျော်ရွင်ပါစေညီ~~