♤5♤

3.7K 425 13
                                    

"မင်းကြီးကိုဂါဝရပြုပါတယ်"

အပြာနုရောင် မင်းသားဝတ်စုံအသေးလေးနှင့် ပိုးခေါင်းစောင်းအနက်ရောင်လေးဆောင်းထားသော မင်းကြီး၏ ၁၂ ယောက်မြောက်သော ညီငယ်လေး မင်းသား Sehun ရယ်ပါ။

နှစ်ဝမ်းကွဲအမတော်မှမွေးဖွားခဲ့တာဖြစ်ပြီး Chanyeol မင်းကြီးနှင့် Sehun မင်းသားမှာ ဝမ်းကွဲညီအစ်ကိုတော်စပ် ကြသည်။

မွေးချင်းမရှိသည့် Chanyeol မင်းကြီးမှာတော့ ဝမ်းကွဲ ညီငယ်များကို မိမိညီအရင်းသဖွယ်စောင့်ရှောက်ကာ ချစ်ခင်တက်ပေသည်။

"လာပါဦး ညီတော် ကိုယ်တော့နားအထိ တိုးလာခဲ့ပါဦး"

လုံးတုံးလုံးတုံးဖြင့် ပိုးဝတ်ရုံလေးကိုမကာ မင်းကြီးစံမြန်းနေသော ရာဇပလ္လင်နားသို့ လှေကားထစ်ကြီးတွေကို အားကြိုးမာန်တက် ကျော်လွှားပြီးတက်သွားလေရဲ့။

အနားကိုရောက်တော့ မင်းကြီး Sehun မင်းသားလေးကို ကောက်ချီလိုက်ကာ ပေါက်ပေါ်သို့တင်လိုက်၏။

"အမတော် ညီတော်က သက်တော်ဘယ်အရွယ်ရောက်ပြီလဲ"

အောက်တွင်ရပ်နေသော နယ်စားမင်းကတော် တစ်နည်း Chanyeol မင်းကြီး၏ နှစ်ဝမ်းကွဲအမတော် ဟန်နာ သည် ပြုံးလိုက်ကာ ဖြေလိုက်သည်။

"ဒီ လာမယ့် နွေဦးဆို ၁၀ နှစ်ပြည့်ပါပြီမင်းကြီး"

"ညီတော်တောင် ၁၀ နှစ်ပြည့်ပါတော့မလား။ အမတော် နောက်ထပ်ကလေးယူဖို့သင့်တော်ပြီလေ စဉ်းစားနေတုန်းပဲလား"

"Hun ငယ်နဲ့တင်ကို အမတော် လုံလောက်နေပါပြီ မင်းကြီး"

"ကဲကဲ အမတော်လဲ ခရီးပန်းရောပေါ့ မယ်တော့်အဆောင်ကို ဂါဝရပြုရင်း နားနားနေနေသာနေပါ ညီတော့်ကို ကိုယ်တော်ခေါ်ထားလိုက်မယ်"

"မှန်လှပါမင်းကြီး။ Hun ငယ်သိပ်မဆိုးရဘူးနော်"

"ဟုတ်ကဲ့မယ်မယ်"

အမတော်က ဂါဝရပြုကာထွက်ခွာသွားသည်မို့ နန်းဆောင်ထဲဝယ် မင်းကြီးနှင့် Sehun မင်းသားသာ ကျန်ရစ်နေခဲ့သည်။

"ညီတော် အစ်ကိုတော်တို့ နန်းတော်ကိုလာရတာ ပင်ပန်းနေသလား"

Consort ByunWhere stories live. Discover now