♤6♤

3.3K 406 10
                                    

Chanyeol မင်းကြီးလက်အားဆွဲကာ ကော့ပက်ကော့ပက်နှင့်ဝင်လာသော Hun ငယ်ဆိုသော ထိုလုံးတုံးအား နန်းဆောင်ထဲရှိ စားပွဲပေါ်တွင်မေးထောက်ကာ မျက်မှောက်ကြုတ်လျှက်ကြည့်နေသော Byun လေး။

"မင်းကြီး သူကဘာလာလုပ်တာတုန်း"

စပ်စပ်စုစုနှင့် ဟိုလိုက်ကြည့်ဒီလိုက်ကြည့်ဖြင့် အရပ်ရှစ်မျက်နှာလည်ကာ မျက်လုံးအလုပ်ပေးနေသော ထိုလုံးတုံးအား လက်ညိုးထိုးကာမေးလိုက်သည်။

"ကိုယ်တော်တို့နဲ့အတူ ပွဲတော်တည်ရအောင်ခေါ်လာတာလေ"

"လာ Hun ငယ် ဒီမှာလာထိုင်ချေ"

ဆွေ့ကခနဲဝင်ထိုင်လိုက်သော Sehun မျက်နှာမှာတော့ ပြီတီတီအပြုံးကြီးဖြင့်။

"လာ Byun လေးက ကိုယ်တော့ဘေးမှာထိုင်"

အောင်နိုင်သူလိုပြုံးပြရင်း တစ်ဖက်က Sehun အား မျက်စပစ်ပြလိုက်သည်။

ပွဲတော်တည်တော့လဲ သူ့ဘာသူအေးဆေးလေးစားနေသော Sehun ကိုကြည့်ကာ Byun လေး မျက်ခုံးပင့်ရပြန်သည်။

သူက ဒီလို အိနြေ္ဒရရလဲစားတက်တာလား ဒီ လက်တောက်လေးကလေ။

ကိုယ်က အစားစားလျှင် စကားသိပ်ပြောလေ့မရှိတာကြောင့် ကိုယ့်ဘာကိုယ်သာစားလိုက် မင်းကြီးနား ပန်းကန်များတိုးပေးလိုက်နှင့် ဟိုကလေးကိုသိပ်အာရုံမရတော့ပေ။

"Hun ငယ် ဝ ချေပြီလား"

"ဟုတ်ကဲ့ အစ်ကိုယ်တော်"

နှုတ်ခမ်းတစ်ဝိုက်အား ချည်လက်ကိုင်ပုဝါလေးဖြင့်သုပ်ကာ ငြိမ်ငြိမ်လေးထိုင်နေ၏။

ဒီလိုကြတော့ ဒီကလေး ဘယ်ဆိုးလို့လဲ။

"အချိုမုန့်ပါ မင်းကြီး"

ကုန်စင်သွားသော ပန်းကန်တွေနှင့်ဟင်းပွဲတွေကိုသိမ်းယူပြီး အထိန်းတော်ကြီးမှ ရေနွေးအိုးနှင့် အချိုမုန့်ပွဲအား လာရောက်ဆက်သ၏။

"Byun လေး ဒီနားတိုး ကိုယ်တော်ခွံ့ကျွေးမယ်"

ပါးစပ်လေးဟကာ အနားတိုးသည့်အချိန်တွင် အသံပြဲဖြင့် ထအော်သော Hun ငယ်။

"အစ်ကိုယ်တော်!!"

ခွံ့မည့် တည်သီးခြောက်သည်လဲ မင်းကြီးလက်ထဲမှာ၊ Byun လေးမှာလဲ ပါးစပ်လေးဟကာဖြင့် လေထဲမှာတန်းလန်းလေးဖြစ်နေရှာ၏။

Consort ByunWhere stories live. Discover now