Part_8

443 62 47
                                    

*BitterSweet*

"ဟဲ့ ကျောင်းပေ့ခ်ျမှာ တွေ့နေတဲ့သတင်းကြီးက တကယ်လား "

"အင်းလေ..မနေ့က ကွင်းထဲမှာဖြစ်သွားတာတဲ့ "

"အာ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..စီနီယာက ဒီလိုလုပ်ရပ်မျိုးလုပ်မယ့်သူမျိုးမဟုတ်ဘူး "

"နင် မယုံရင် ထပ်ကြည့်ပေါ့..သေချာကြည့် စီနီယာချန်းယော်လ်ကိုယ်တိုင် ကျောပိုးပြီးသယ်သွားတာ "

တစ်ယောက်တစ်ပေါက်နဲ့ပြောနေကြတဲ့ သတင်းက မနေ့ညနေက အင်ဟာတက္ကသိုလ်ပေ့ခ်ျကတတ်လာတဲ့ ပို့စ်တစ်ခုကြောင့်ဖြစ်သည်။..သူတို့အားလုံးအနေနဲ့ ဗြောင်းဘတ်ခ်ဟွန်းရဲ့ ထူးဆန်းတဲ့ အပြုအမှုတွေကို အခုရက်ပိုင်းခံစားရပင်မယ့်..မသိချင်ယောင်ဆောင်ထားကြသည်။..ဘောလုံးလက်ရွေးစင်အဖြစ် အရွေးခံရတာလည်း အပါအဝင်ပေါ့။
ယခုလက်ရှိကိစ္စကတော့ အင်မတန်ထူးသည်။ အကြောင်းကား...စီနီယာချန်းယော်လ်ကိုယ်တိုင်..ဘောလုံးကွင်းနဲ့ သိပ်ဝေးလွန်းတဲ့ ကျောင်းဆေးခန်းကို လိုက်ပို့တာကြောင့်ပင်။

"ငါဖြင့်..တကယ့်သတင်းထူးကြီး ကြားနေရသလိုပဲ။..မဟုတ်မှလွဲရော..ဗြောင်းဘတ်ခ်ဟွန်းနဲ့ စီနီယာတို့က.. ပတ်သတ်နေကြပြီလား "

"တော်စမ်းပါ...နင့်ပါးစပ်က မဟုတ်တာတွေလျှောက်ပြောမနေနဲ့.ဒီအရာက လုံးဝ လုံးဝကို မဖြစ်နိုင်တာပါနော် "

"ကဲထားပါ..အတန်းတတ်ရမယ်လေ..သွားကြစို့ "

ကောင်မလေးတွေစားပွဲဝိုင်းကနေ...အားလုံးထွက်သွားကြတော့မှ..ချန်းယော်လ်ရဲ့သူငယ်ချင်းတွေ ကျောင်းပေ့ခ်ျကိုပြေးကြည့်ကြတော့သည်။

"ချန်းယောလ် ဟေ့ကောင်..မင်းမြင်ပြီးပြီမလား? "

"ဘာကိုလည်း မနေ့ညနေထဲက မင်းတို့နဲ့ ပရောဂျက်တူတူလုပ်နေတာ ဘယ်အချိန်ဖုန်းသုံးရလို့လဲ "

နောက်ဆုံးနှစ်ဖြစ်တာကြောင့်..ပရောဂျက်ပေါင်း များစွာဟာ..ခေါင်းစဉ်မျိုးစုံနဲ့လာတတ်သည်။မလုပ်လို့ကလည်းမရ..စီးပွားရေးနယ်ပယ်ကုမ္ပဏီတွေမှာ ကျောင်းက Field ဆင်းခိုင်းထားတာကြောင့်..နာမည်ကြီးကုမ္ပဏီတွေမှာ Fieldဆင်းနိုင်ဖို့လိုသည်။..ချန်းယော်လ်အတွက်က ဒီလိုအရာတွေက အရေးမကြီးပေမယ့်...ကျောင်းစာရမှတ်တွေ ဂရုစိုက်တဲ့လူဖြစ်တာကြောင့်...တခြားသူငယ်ချင်းတွေနဲ့တူတူ ကြိုးစားပြီး လုပ်ဖြစ်သည်။

 BitterSweetWhere stories live. Discover now