Part 22
Mick Pov
အခုထိ Oon သတိမရလာသေးသလို ကျွန်တော်ဆီကို ညိုးငယ်နေတဲ့ မျက်နှာနဲ့ လာလာမေးနေတဲ့ Kong တစ်နေ့ကို ဘယ်နှစ်ခေါက်မှန်းမသိဘူး ကောင်လေးက Oon ပေါ် သံယောဇဉ်အရမ်းကြီးမားတယ် Oon မှန်ပါတယ် လူငယ်လေးရဲ့အချစ် သံယောဇဉ်ကြောင့် Oon ရုန်းမထွက်နိုင်တာ P သိပါပြီ P နားလည်ပါပြီ အဲ့ဒါကြောင့် ပြန်နိုးလာပါတော့ ကလေးရယ်
" တူလေး ထမင်းလည်း ကောင်းကောင်းမစားဘူး ဦး တူလေးအတွက် စွပ်ပြုတ်ပြုတ်လာတယ် စားပါအုန်း "
" မစားချင်ဘူး Uncle "
" ကလေး သားဦးလေးပြောတာမှန်တယ် နည်းနည်းတော့ စားလိုက်နော် "
Uncle Mos နဲ့ Uncle Kang ပြောတာကို ကျွန်တော်ဂရုမစိုက်ပဲ မစားပဲ နေနေတာ ၂ ရက်နီးပါးရှီနေပြီ အတင်းကျွေးလို့ စားပြန်ရင်လည်း ပြန်ပြန်အန်ထွက်နေတယ်
" ကလေး P နိုးလာရင် စိတ်မကောင်းဖြစ်လိမ့်မယ် စွပ်ပြုတ်မစားချင်ရင် အသီးနည်းနည်းစားနော် Uncle ခွဲလိုက်မယ် "
" အခုဆို P သတိမေ့နေတာ ၂ ရက်ရှီပြီ ကျွန်တော် အရမ်းစိုးရိမ်လာပြီ Uncle ကျွန်တော် P ရဲ့ အချစ်ကို မရချင်နေပါ P သတိရလာတာ လိုချင်တယ် P အသံကြားချင်တယ် P ဆူတာကို လိုချင်တယ် "
" ကလေးရယ် P ဆူတာခံချင်ရင် ကလေးလဲသွားလို့မဖြစ်ဖူးလေ အသီးနည်းနည်းစားပါနော် "
" ဟင့်အင်း ကျွန်တော် P'Mick ဆီသွားလိုက်အုန်းမယ် "
ကျွန်တော် P 'Mick အခန်းထဲတွင် P 'Mickကို မတွေ့ပေ အဲ့ဒါကြောင့် ဆေးရုံဝန်းထဲ ပတ်ရှာနေမိသည် ဆရာဝန်တစ်ယောက်ကို မေးကြည့်တော့ ခွဲခန်းဝင်နေတယ်တဲ့ ကျွန်တော်ခွဲခန်းရှေ့မှာ သွားစောင့်နေမိသည် Uncle Mos က လိုက်လာပြီး
" တူလေးရယ် ဘာဖြစ်လို့လဲ "
" P'Mick ကိုစောင့်နေတာ "
" တူလေး အရမ်းပင်ပန်းနေပြီ သွားနားရအောင်နော် "
" မနားဖူး P'Mick ကိုစောင့်ရမယ် P'Mick ဆေးထိုးပေးရင် P နိုးလာမှာ P'Mick ဆေးကုပေးရင် P နိုးလာမှာ "