"လုံးတုံး မင်းနေမကောင်းဘူးဆို"
ဖဲမွေ့ယာထက်ဝယ်လှဲနေသော Sehun မင်းသားမှာ မျက်နှာလေးကဖြူဖျော့နေသော်ငြား ရုပ်ကတော့မျက်နှာသေ နှင့် ရော့၍ပင်မသွားပေ။
"Hun ငယ်ပါဆို နာမည်သေချာခေါ်!"
"Hun ငယ် ကိုယ့်ထက်အကြီးကိုအဲ့လိုမပြောရဘူးလေ ပြန်တောင်းပန်လိုက် ကြင်ယာတော်မင်းသားငယ်လေးကို"
"နေနေရတယ် အမတော်ဟန်နာ Byun လေး နဲ့ကပြောနေကြပဲကို"
အဲ့အခါမှမဲ့ကြည့်လာသော အနှီ Hun ငယ်။
သူ့မယ်မယ်ကလဲအသာပြုံးပြ၏။
"ဘာလာလုပ်တာတုန်း"
"မင်းနေမကောင်းဘူးဆိုလို့ငါ့မှာစာသင်ဆောင်ကနေအပြေးအလွှားရောက်လာရတာလေ မေးပုံကြီးကလဲ"
"Hun ငယ် လာခိုင်းလို့လား သူ့ဘာသူအသက်အရွယ်မှအားမနာ စွတ်ပြေးနေပြီးတော့များ"
"Ya! ငါမင်းထက် ၉ နှစ်ပဲကြီးတာ အပိုလာမပြောနဲ့"
"အကြမ်းရေသုံးဆောင်ပါဦး မင်းသားငယ်လေး"
"လူနာလာကြည့်တယ်လဲပြောသေး သူများဆီကနေလဲစားဦးမယ် မယ်မယ် မတိုက်နဲ့ ဟွန့်!"
နေမကောင်း၍အကန်တွေကြည့်ပြောနေသော ထိုလုံးတုံးကို Byun လေးကသဘောထားကြီးစွာ ခွင့်လွှတ်ပေးလိုက်မယ်။
ရှိစေတော့ရှိစေတော့။
နေကောင်းလို့ကတော့ မလွယ်ဘူးသာမှတ်။
"မယ်မယ်ကြွတော့လေ Hun ငယ်တစ်ယောက်တည်းဖြစ်တယ်"
"ခနနေမယ်မယ် ဆေးကျိုပြီးရင်လာပို့မယ်နော်။ မင်းသားငယ်လေးကိုလဲ ရိုရိုသေသေနေ ကြားလား Hun ငယ်လေး"
"ဟုတ်ကဲ့မယ်မယ်"
"မင်းသားငယ်လေးနေရစ်ခဲ့ပါ အမတော်ပြန်လိုက်ပါဦးမယ်"
"ဟုတ်ကဲ့အမတော်"
အမတော်ကလဲခင်ဖို့ကောင်းသလို နယ်စားမင်းကြီးကလဲသဘောအလွန်ကောင်းသည် သူတို့သားဖြစ်တဲ့ လုံးတုံးကျမှ ဘာလို့ချစ်စရာတစ်ကွက်မှမရှိသည်ကိုတော့ Byun လေးသိပ်ဘဝင်မကျပေ။
YOU ARE READING
Consort Byun
FanficOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]