ဥယျာဉ်တော်ဘက်ကို လမ်းလျှောက်ထွက်လာသော မယ်တော်ကြီးမှာ အဝေးကိုရပ်ကြည့်ပြီးပြုံးနေသောမင်းကြီး ကြောင့် သူမပါ အပြုံးတရားခံလိုက်လံရှာဖွေမိ၏။
မြေးတော်လေးကိုကျောပိုးပြီး ဥယာဉ်တော်အနှံ့လျှောက်ပတ်နေသော ကြင်ယာတော်မင်းသားငယ်လေးအားမြင်မိ တော့ သူမ ပြုံးလို့ပင်သွားသည်။
အပြုံးတရားခံ၏အစွမ်းမှာ သူမသားတော်ပါမက သူမကိုပါ ပြုံးအောင်စွမ်းဆောင်နိုင်စွမ်းမြင့်မားလွန်းပါပေသည်။
"သားတော်"
အာရုံအနည်းငယ်လွင့်နေသော သားတော်ဘေးနားရပ်ကာအသံပြုလိုက်မှ လှည့်ကြည့်လာလေ၏။
"အော မယ်တော် အကြောင်းအရင်းများထူးလို့လား"
"မယ်မယ်လမ်းလျှောက်ထွက်လာတာပါကွယ်။ သားတော် ရပ်ပြီးကြည့်နေထဲက မယ်တော် အနောက်မှာရောက်နေတာ"
သူမပြုံးကာပြောလိုက်တော့ မင်းကြီးမှာ ပါးချိုင့်လေးကိုထင်းခနဲနေအောင် ပြုံး၍ကြည့်လာ၏။
"သားတော် အနည်းငယ် စိတ်လွတ်သွားတယ် မယ်တော်"
"ကြင်ယာတော်မင်းသားငယ်လေးနဲ့ မြေးတော်လေးကိုအတူတွဲမြင်ရတာ မယ်တော်ဖြင့် စိတ်တွေမြူးလိုက်တာ"
"ညီတော်နဲ့တွေ့တော့ Byun လေးက လူကြီးလေးလိုပဲဖြစ်သွားတာ ကြည့်ပါဦးမယ်မယ် သားတော်ရဲ့ Byun လေး ဘယ်လောက်တောင်ချစ်ဖို့ကောင်းသလဲလို့"
မင်းကြီးအမွှန်းတင်လွန်းသည်မဟုတ် ကြင်ယာတော်လေးမှာ ငယ်ဘဝထဲက လူတစ်ကာ၏ ချစ်မြတ်နိုးမှု့ကို ခံခဲ့ရတဲ့ တော်ဝင်မင်းသားလေးတစ်ပါးဖြစ်သည်ကို သူမ အသိပင်။
"မယ်မယ်နဲ့လမ်းလျှောက်ရင်းစကားပြောရအောင်လေသားတော် ကြင်ယာတော်လေးကိုလဲ လိုက်စောင့်ကြည့်ရင်းပေါ့"
"ဟုတ်ကဲ့မယ်တော်"
လက်ကိုခါးစီးစအောက်သွင်းကာ အိနြေ္ဒကြီးစွာလျှောက်လာသောမယ်တော်ကြီးနှင့် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရာဇအိနြေ္ဒနှင့်လျှောက်လာသော မင်းကြီးတို့မှာ အဝေးကကြည့်လျှင်ပင် အရှိန်အဝါ ဘုန်းတန်ခိုးများထင်ဟပ်လို့နေ လေသည်။
YOU ARE READING
Consort Byun
FanfictionOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]