"Arrr ညောင်းလိုက်တာ..."
အလုပ်ခုံပေါ်သလို့စာရွက်များခနချကာသူအညောင်းဖြေလိုက်သည်...
ကိုက်နေသောမျက်ရိုးများကိုကိုင်ကာမျက်လုံးမှိတ်ပီးအနားယူနေသည်....အတွေးထဲဝင်လာတာက မနေ့ကကောင်လေး...
သူနာရီကိုတချက်ကြည့်လိုက်တော့ရုံးဆင်းချိန်ရောက်နေပီပဲ...
လုပ်လက်စအလုပ်များလက်စသတ်ကာ ထိုကောင်လေးရှိရာသို့....
ထိုကောင်လေးရှိရာဆိုလို့တခြားဘယ်နေရာမှာမဟုတ်သူ့အိမ်ပင်....Flashback start*
နေ့တနေ့ ညနေစောင်းသူအလုပ်ကနေပြန်လာတယ်..
အိမ်တွက်လိုအပ်တာတွေဝယ်ရန်သတိရတော့အနီးနားကmini martဆိုင်လေးမာသူရပ်လိုက်တယ်...၀ယ်စရာရှိတာဝယ်ပီး အပြင်ထွက်တော့ ဆိုင်ရဲ့ဘေးလမ်းကြားထဲက ဘာသံတွေပါလိမ့်...
ဘာဖစ်နေတာလဲဆိုပီး သူသွားကြည့်တော့ လူတယောက်ကိုလူလေးယောက်က၀ိုင်းပီးအနိုင်ကျင့်နေတာကိုသူတွေ့လိုက်တယ်...
ဒါမျိုးတော့သူအဖစ်မခံ ထိုနေရာသွားပီး ဟိုလူတွေကိုတချက်လှမ်းအော်လိုက်သည်...
သူ့အသံကြားသည်နဲ့ ထိုလူလေးယောက်ထွက်ပြေးသွားကြသည်....ဟမ် ဘလိုဖစ်တာလဲ ငါလဲဘာမှမလုပ်ရသေးဘူး...
တော်သေးတာပေါ့ထွက်ပြေးသွားလို့မဟုတ်ရင်ငါပါရောသေမာ ခွီး...ပီးမှကျန်ခဲ့တဲ့ထိုလူ့အနားသွားပီး ကြည့်လိုက်တော့...
ဖြူဖွေးစွတ်နေတဲ့အသားရေပေါ်မာ ဒဏ်ရာ ဒဏ်ချက် ပေါင်းမနဲ....ကြည့်ရတာငယ်သေးမဲ့ပုံပဲ ကောင်လေးကိုအနိုင်ကျင့်ကြတာထင်တယ် ဒါပေမဲ့လဲဒီလောက်ကြီးကတော့လွန်ပါတယ်ကွာ
ပြေးရင်းနဲ့ခြစ်မိတာလား ထိုလူတွေပဲဓားနဲ့လုပ်တာလားမပြောတတ်...
ခြစ်ရာတွေဗလပွ...သူတွေးကြည့်သလောက် ဒါရိုရိုးခြစ်ရာတွေမဟုတ်ဘူးဆိုတာတော့ ပညာတတ်တယောက်ပီပီသူခန့်မှန်းမိသည်...
YOU ARE READING
LET ME KNOW
Fanfictionပေါင်းစပ်မရသော သူတို့နှစ်ယောက်ရဲ့အချစ် ချစ်လျက်နဲ့ ဝေးရမာလား ဘာပဲပြောပြော သူ့မာသိခွင့်မရှိဘူးလား...