မြင်းဇောင်းထဲမှ မင်းသားလေးအတွက် စီးတော်မြင်းကို Tuan Yi ဆွဲလာပေးပြီးတာနဲ့ အရှေ့ဘက်တံခါးဆီသို့ ဦးတည်လိုက်သည်။
"Tuan Yi, ငါတို့ ဒီနေ့ အရှေ့ဘက်တံခါးကနေမသွားဘူး"
အမိန့်ပေးစေခိုင်းလိုက်သည့် မင်းသားကြောင့် Tuan Yi အနည်းငယ် စဉ်းစားသွားမိသည်။ တော်ရုံဆို Jinyoungက အနောက်ဘက်တံခါးကနေ သွားတတ်လေ့ရှိသူမဟုတ်ပေ။
"ဘာဖြစ်လို့လဲ မင်းသားလေး?"
"ငါသွားချင်တဲ့နေရာက အရှေ့တံခါးကနေသွားလို့မရဘူး အနောက်တံခါးကနေသွားမှ အဆင်ပြေမှာ.. ပြီးတော့ မြင်းလည်း ငါ့ရဲ့စီးတော်မြင်း ၁ကောင်ပဲ ယူခဲ့ Tuan Yi"
"ဘာ...ဘာဖြစ်လို့လဲ မင်းသားရဲ့. ကျွန်တော့် မြင်းက ခရီးအဝေးကြီးလည်း အမြန်ဆုံးအလျင်နဲ့ ပြေးနိုင်တဲ့ မြင်းပါ"
"မင်းကလည်းကွာ ငါက ယူဆို ယူလေ မယူနဲ့ဆို မယူနဲ့ပေါ့ ဘာလို့ ထပ်မေးနေပြန်ရတာလဲ"
Jinyoung ဆူလိုက်သောကြောင့် Tuan Yi လေးအနည်းငယ် စိတ်ကောက်သွားပြီး Jinyoungရဲ့မြင်းကို ဆောင့်အောင့်ကာ မြင်းဇောင်းမှ ထုတ်လာတော့သည်။
~~~~~~~~~~~~~~~~~~~~~
သူတို့ နှစ်ဦး အနောက်တံခါးကနေ ထွက်လာပြီး ခပ်လှမ်းလှမ်းအရောက်~"Jinyoungna.. ရော့ ကိုယ့်မြင်းကိုယ် စီးချင်စီး မစီးချင်လည်း ငါ ဆွဲသလို ဆွဲလာခဲ့😒"
အခြားသူသာ သူ့ကို ပြု မူလျှင် ထိုသူကို အပြစ်ကောင်းကောင်းကြီးပေးပစ်မှာ မှန်ပေမယ့် Tuan Yi ဆိုသော ထို ကောင်လေး ဘာပဲလုပ်လုပ် Jinyoungမှာ အပြစ်မမြင်နိုင်ပဲ ထို အမူရာလေးများကိုတောင် ချစ်စရာလေးဟု မြင်နေလေသည်။
"ဟုတ်ကဲ့ပါဗျာ ကျွန်တော်မျိုးကိုသာ မြင်းဇက်ကြိုးပေးတော်မူပါ သခင်လေး Tuan Yi"
"😒 ဟွန်း.. ရော့ "
ဆူဆူဆောင့်ဆောင့် ခြေလှမ်းလေးနှင့် စူစူပုပ်ပုပ်မျက်နှာလေးက Yi En နဲ့ ပနံတင့်ဖို့ ခဲယဉ်းနေပေမယ့်လည်း ထို မျက်နှာအမူရာလေးကို တစ်ခါမှ မမြင်ဖူးသဖြင့် Jinyoung တစ်ယောက် ကြည့်ကာ ပြုံးစိစိဖြစ်နေလေသည်။
"Tuan Yi"
"Yae. Cheona..... အဲလေ.. Wae😌"
နန်းတော်ထဲမှာ ခေါ်နေကျအလေ့အထက နန်းတော်အပြင်ရောက်တဲ့အထိ နေ့စဉ် ဝတ္တရားတစ်ခုလို ခေါ်မိနေသည်။ "Taejacheona" "Cheona" ဆိုပြီးတော့ပေါ့။
YOU ARE READING
Yi En... Don't Leave Me
Fanficထီးနန်းလည်းစွန့်ရဲတယ် သေလည်းသေရဲတယ် အရာအားလုံးလည်းအဆုံးရှုံးခံရဲခဲ့တဲ့ငါဟာ မင်းမရှိပဲနဲ့တော့ မနေနိုင်ခဲ့ဘူး Yi En....