မနက်လည်းရောက်ရော ကျောင်းကို အစောဆုံးရောက်အောင် ရွှန်းနဲ့မြင့်မိုရ် လာခဲ့ကြတယ်။ ဟီးးးး ဘယ်လိုမျိုးတွေ ဖြစ်သွားကြမလဲ သိချင်လို့ အရမ်း တက်ကြွနေတာ ။ ခဏကြာတော့ အမွှေစိန် သိန္ခနဲ့ လင်းခေတ်နေ တို့ အရင်ရောက်လာကြတယ် ။ သူတို့ထိုင်ခုံရောက်တော့ သိန္ခက အရင်မြင်တာ ။
"ဟာ ခေတ်နေ ဟိုမှာကြည့်စမ်း "
" ဘာလဲကွာ အလန့်တကြား နဲ့ မင်းဟာကလည်း "
" ဟိုမှာလေ မှူးသက်တန့် 💜 လင်းခေတ်နေတဲ့ 😂😂 "
သိန္ခလက်ညိုးထိုးပြတဲ့နေရာကို ခေတ်နေလှမ်းကြည့်ပြီး ပြုံးလိုက်မိတယ်။ အဲ့အပြုံးလေး မမြင်ရတာ ကြာနေပြီ ။ သက်တန့်နဲ့ ခေတ်နေ ပြသနာတက်ထားတာတော့ သေချာတယ် ။ အဲ့လိုအချိန်ကတည်းက မမြင်ရတော့တဲ့ အပြုံးလေး ။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် စကားမပြောတော့ကတည်းက ခေတ်နေက အမြဲမှိုင်နေတာ ။ အခုသူတို့နှစ်ယောက်နာမည်က်ု စားပွဲပေါ်မှာ မြင်မှပဲ အရင်လိုပြန်ပြုံးတော့တယ် ။ ခေတ်နေက အပြစ်ကင်းတဲ့ ကလေးလေးလိုပဲ ။ အဲ့လိုလေးပြုံးနေတာ ရွှန်းအမြဲတမ်းမြင်ချင်မိတယ် ။
"အဲ့ဒါ ဘယ်သူရေးတာလဲ "
" သြော် သိန္ခရယ် ငါမင်းနဲ့အတူဝင်လာတာလေ ငါ ဘယ်လိုလုပ်သိမှာလဲ "
အဲ့တော့မှ သိန္ခက နောက်လှည့်ပြီး "ဟဲ့ ငါတို့ခုံမှာ ဘယ်သူစာလာရေးသွားတာလဲ သိလား " တဲ့ ။ ကျွန်မတို့လည်း "မသိဘူးလေ ဘာစာရေးထားလို့လဲ "
" မှူးသက်တန့် 💜 လင်းခေတ်နေ တဲ့ သူတို့တွဲနေကြတယ်ဆိုတာ ဘယ်လိုသိသွားကြပါလိမ့်နော် 😁😁 "
မှူးသက်တန့် အတန်းထဲရောက်လာတာနဲ့ သိန္ခက ချက်ချင်းစာကို ပြတော့တာပဲ ။ ရုပ်ကခပ်တည်တည်နဲ့ ဘာမှမပြောပေမယ့် စိတ်ဆိုးပုံတော့မပေါ်ဘူး ။ ပုံမှန်ဆို ယောကျာ်းလေးနှစ်ယာက်ကို အဲ့လိုစကြရင် စိတ်ဆိုးကြမှာပဲ ။ ဒါပေမယ့် သူတို့ကအဲ့လို မဟုတ်ဘူး ။ ကျွန်မလည်း လုပ်တုန်းကလုပ်ပြီး တစ်ခုခုဖြစ်သွားမှာတော့ စိုးရိမ်မိတာ ။ တခြားတော့မဟုတ်ပါဘူး အခုတောင်သူတို့က စကားမပြောကြတော့ နာမည်ရေးတဲ့ကိစ္စကြောင့် ပိုရှိန်သွားကြမှာ စိုးရိမ်တာ ။
"ခုံပေါ်မှာ ရေးတာဘယ်သူလို့ထင်လဲ "
ငမှူးက အဲ့လိုမေးပြီး ကျွန်တော့်ကို လာကြည့်တယ် ။ သူ့အကြည့်က အဲ့ဒါ ကျွန်တော်ရေးတာ သိတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ။
"ငါတို့လည်း သိချင်နေကြတာပဲလေ မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်လား " သိန္ခက ကျွန်တော်တို့ကို လက်ညိုးထိုးပြီး ပြောတယ် ။
"တော်စမ်းပါ သိန္ခရယ် အရူးမို့လို ငါက ရေးရမှာလား " ကျွန်တော်လည်း ဘုကြည့်ကြည့်ပြီး ပြန်ဖြေလိုက်တယ် ။ ငမှူး အခုထိ ကျွန်တော့်ကို စကားမပြောသေးဘူး ။ ကျွန်တော်လည်း သူစကားစပြောမှ ပြောမယ်ဆိုပြီး တင်းနေတာ ။ အခုခုံပေါ်မှာ စာရေးတဲ့ ကိစ္စကြောင့် ပိုဝေးသွားမှာစိုးရိမ်တယ် ။ သူငယ်ချင်းဆိုတာ ဘယ်လောက်အရေးကြီးလဲ ။ ငမှူးမှာ အပေါင်းအသင်း ပေါပေမယ့် ကျွန်တော့်မှာက သိပ်ရှိတာမဟုတ်ဘူး ။ အခုလိုမခေါ်မပြောနိုင်ကြတော့ သူငယ်ချင်းတစ်ယောက် ဆုံးရှုံးသွားရုံပဲရှိမယ် ။ ခုံပေါ်က စာကိုလည်း ချက်ချင်းပဲ ဖျက်ပစ်လိုက်တယ် ။
"ဟဲ့ ရွှန်းရေ ဟိုမှာ နာမည်ကိုဖျက်ပစ်လိုက်ပြီ "
"သူတို့ဖျက်ရင် ငါတို့ပြန်ရေးမယ်လေ 😁😁 "
