ကျွန်တော့နာမည်က" နေခွန်းသ"တဲ့ ကျွန်တော်က
တက္ကသိုလ် ကျောင်းသားတစ်ယောက်လေ ကျွန်တော့်
မိသားစုကဆင်းရဲတော့ သူများတွေလိုမျိုး ကိုယ်
ပိုင်ကျောင်းမတက်နိုင်ခဲ့ဘူး အဲ့တော့ အစိုးရေ
ကျာင်းမှာပဲတက်ရတယ် ဆိုတော့ ကိုယ်တက်နိုင်
တဲ့ကျောင်းမှာပဲစာကိုကြိုးစားရတာပေါ့
အော်ပြီးတော့ ကျွန်တော် အရမ်းချစ်ရတဲ့
ညီမလေးရှိတယ်ဗျ ကျွန်တော့ညီမလေး
နာမည်က " မေခွန်းသ" လို့ခေါ်တယ်။
အခုဆို ကျွန်တော်တို့မောင်နှမနှစ်ယောက်ပဲ
ကျန်တော့တယ်လေ ကျွန်တော့အမေက
ကျွန်တော် ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့မှာ
အရေးပေါ်ဆေးရုံတင်ခဲ့ရတယ်။
ကျွန်တော် အရမ်းကြောက်မိခဲ့တယ်ဗျာ
လွန်ခဲ့တဲ့သုံးနှစ်ကလဲ ကျွန်တော့အဖေလညး်
ရုတ်တရက်ကွယ်လွန်ခဲ့တယ်။ အခု မေမေ လည်း
ကျွန်တော်တို့ မောင်နှမနှစ်ယောက်ကို
အဲ့လိုမျိုးထားခဲ့မှာကို ကျွန်တော်အရမ်းကြောက်
မိတယ် ကျွန်တော် အောင်စာရင်းတောင်
မကြည့်အားဘဲ အဲ့နေ့ညက မေမေ ဝင်သွားတဲ့
အရေးပေါ်ခန်း ရှေ့မှာပဲ ကျွန်တော် ဆုတောင်းနေ
မိတယ်။ ခဏအကြာမှာ အရေးပေါ် အခန်းထဲမှ
တာဝန်ရှိဆရာဝန်ထွက်လာတယ်
ပြီးတော့" doctor "ရဲ့ စကားတစ်ခွန်းကြောင့်
ကျွန်တော့ ဘယ်ဘက်ပါး ပြင်ပေါ်ကို စီးကျလာတဲ့
မျက်ရည်နဲ့အတူ ကျွန်တော် သေမတက် ငိုကြွေးခဲ့
တယ်။ ကျွန်တော်ဆုတောင်းမပြည့်ခဲ့ဘူးဗျ
YOU ARE READING
SLEEPLESS NIGHT
RomanceNo matter what was happened. No matter what you've done. No matter what you will do. I will always love you . I swear it. #Nay Thoon Kha Nothing is perfect, but when I'm with you everything is perfect. ...