အခန်း-၁
နတ်ပြည် အပါအဝင် နယ်ပယ် ဆယ့်ခြောက်ခုလုံး မီးလောင်ကျွမ်းသောနေ့၊
ကမ္ဘာလောကကို စောင့်ရှောက်သော နတ်မောင်နှံအတွက် ဂြိုလ်ဆိုး ဝင်သောနေ့ ဖြစ်သည့် အပြင် နတ်တွေ အားလုံးကလည်း လောကကြီး ပျက်သုဉ်း သွားမှာကို စိုးရွံ့နေကြသည်။ ဘယ်လောက် အစွမ်းကြီးတဲ့ နတ်ဖြစ်ပါစေ သဘာဝတရားကို လွန်ဆန်ခွင့် မရှိသော ကန့်သတ်ချက် အောက်တွင် ရှိနေကြပြီး ထိုသဘာဝတရားအား လွန်ဆန်ရန် အတွက် သမာသမတ် အကျဆုံး နတ်မျိုးနွယ်အဖြစ် မွေးဖွားထားသော ကမ္ဘာလောကကို စောင့်ရှောက်သော ကျိုးနတ်မျိုးနွယ်သာ ထိုနတ်စွမ်းအား များရှိသည်။
ထို့ကြောင့် ပျက်စီးသွားသော သဘာဝ တရားတို့အား ပြန်လည် တည်ဆောက်ရန်အတွက် သဘာဝလွန် နတ်နှင့် ဇနီးတို့ ပူးပေါင်းကြိုးစားကြရာဝယ် လောကကြီးက ပြန်လည် ပြီးစီးလု နီးနီး တိုင်အောင် ဖြစ်လာသော်လည်း ထိုနတ်နှစ်ပါး ကတော့ လောကတစ်ခွင် ကိုယ်စား ကြွေလွင့် ပေးရတော့မည်။ ထိုအခြေအနေကို နတ်တွေ အားလုံးက မြင်တွေ့နေသော်လည်း ဘယ်သူမှ မတားမြစ်နိုင်ပဲ စိတ်မချမ်းမြေ့စွာ ငေးကြည့် နေကြရသည်။ လူမမယ် နတ်သားငယ် နှစ်ပါး ကလည်း မိဘတွေ သေဆုံးတော့မည်ကို သိနေပြီး မျက်နှာလေး ငယ်စွာ ရှိနေကြ၏။
'မိန်းမ ဒီနှစ်တွေ အများကြီး ငါတို့ အတူတူ ရှိနေခဲ့တာ လုံလောက်ပါပြီ'
သဘာဝတရားအား ပြုပြင်ရန် နတ်စွမ်းအား အကုန်သုံး၍ နှုတ်ခမ်းမှ သွေးတို့ အံကျလာသည့် တိုင်အောင် ဇနီးဖြစ်သူကို ကျေးဇူးစကား ဆိုနေသေးသော ဘဘာဝလွန် နတ်သား ကျိုးလွီအား ဇနီးဖြစ်သူမှ ပြုံးပြသည်။ သို့သော် သူမလည်း ထိုနည်းလည်းကောင်း နှုတ်ခမ်းမှ သွေးတို့ စီးကျလာ၏။ ကျိုးလွီ၏ လက်အတွင်းမှ ထုတ်လွှင့်နေသော သဘာဝတရား ကို ထိန်းသိမ်းသည့် စွမ်းအားက နည်းသည်ထက် နည်းလာသည်။
'ယောက်ျား ကျွန်မတို့ သမီးလေးက ကျွန်မဝမ်းထဲမှာ အခုမှ ကိုးနှစ်နဲ့ကိုးလပဲ ရှိနေသေးတာ သူ့ကို မွေးဖို့ ပြင်ဆင်ဖို့တောင် အချိန်မရတော့ဘူး'
ကောင်းကင် နတ်တစ်ပါးအား မွေးဖွားရန် နတ်မိခင်သည် ဆယ်နှစ်တိုင်တိုင် ဝိဉာဉ်ငယ်အား ဝမ်းတွင်း၌ လွယ်ထားရလေ့ ရှိသည်။ ကမ္ဘာကြီးက သစ်လွင် တောက်ပသွားသော်လည်း နတ်နှစ်ပါးကတော့ တစ်ဦးနှင့်တစ်ဦး တင်းကျပ်စွာ ပွေ့ဖက်ကြပြီး အနားတွင် ရှိသော သားတော် နှစ်ပါးကို ဆွဲယူ ပွေ့ဖက်လိုက်ကြသည်။ ပြီးမှ နတ်ပြည်မှ အတန်ငယ် ဆင်းသက်လာသော နေရာတွင် အပြာရောင် ရေကန်ကြီး တစ်ကန် ပါဝင်သော ကျွန်းတစ်ကျွန်းကို ဖန်ဆင်းလိုက်ကြပြီးလျှင်
YOU ARE READING
The Legend of Azure Lake (စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ)
Historical FictionOwn Credtion လို့ အတိအကျ မဖော်ကျူးနိုင်ပေမယ့် ကျောရိုးမှလွဲ၍ ဇာတ်လမ်း ဇာတ်ကွက်နဲ့ ဇာတ်ကောင်တွေ အားလုံးဟာ စွဲမွေးဖွားထားတဲ့ စွဲရဲ့သားသမီးတွေ ဖြစ်ပါတယ်၊ #ဘာသာပြန် မဟုတ်ပါ# ထောင်လွှားဖို့ သက်သက် မွှေးဖွားလာတဲ့ နတ်ဘုရားမ တစ်ပါးကို ချစ်ကြိုက်မိတယ် ဆိုပါစို...