Third person view~
" Hyung, ကျွန်တော့် လူတွေ အကုန်လွှတ်ပြီး ရှာထားခိုင်းလိုက်
ပြီ ....Park Jimin ကို မကြာခင်ပြန်တွေ့မှာပါ "Jeongguk တစ်ယောက် စိတ် ဓာတ် ကျနေသည့် ပုံစံဖြစ်
နေသော Yoongi ရယ့် ပုခုံးကို အသာပုတ်လိုက်ရင်း စကား
ဆိုလိုက်သည်....ထိုအခါ Yoongi ကသူ့ကို မကြည့်ပဲ...." ငါ မှားတာ...."
" ကျစ် ! Hyung က ဘာမှားလို့လဲ?သူ့ဘာသာ ထွက်ပြေးချင်လို့
ပြေးတာ "Jeongguk မကျေမနပ်ဖြင့် ရေရွတ်လိုက်မိသည် ~ Park Jimin
ကို Yoongi က မြင်မြင်ချင်း ချစ်ခဲ့တာ....နောက်ကြောင်း စုံစမ်းကြည့်
တော့ မိဘ ၂ပါးလုံးက ဆင်းရဲကြသည် ~ Park Jimin သည်
တစ်ဦးတည်းသော သားဖြစ်သည်....ထို အချိန်က Park Jimin
သည် ကျောင်းတက်နေစဉ်သာ....Yoongi က သူ့မိဘတွေ
ကို ငွေနဲ့ ကူညီရင်း Jimin ကို အရယူခဲ့တာ....Yoongi သည် Jeon တွေထဲမှ တစ်ယောက်ဖြစ်သည် ~
ငယ်စဉ် ကတည်းက အဖိုးဖြစ်သူ၏ စကားတွေကို နားထောင်
ရင်းကြီးပြင်းလာတာကြောင့် သူလိုချင်တယ့် အရာကို ချက်ချင်း
ရယူတတ်သည့် အကျင့်ရှိသည်....Yoongi သည် Jeongguk
ထက်ပင် သွေးအေးသည်....အရင်ကပေါ့....Park Jimin
ရောက်လာကတည်းက နူးညံ့သွားတာ....အခုဆို Gang က
ကိစ္စတွေတောင် သူသိပ်ဝင်မပါတတ်တော့....
'Minne က မကြိုက်ဘူး' လို့ပြောပြီး မလုပ်တော့တာ ~
အရင်က ဆေးလိပ် ကို အမြဲသောက်တတ်သော Yoongi
သည် 'Minnieက အနံ့ မခံနိုင်ဘူး' လို့ ပြောပြီး မသောက်
တော့တာ နှစ်တွေကြာရောပေါ့!ဒီလောက် ချစ်ပေးပြီး မင်းသားလေး လို ထားထားတာကို
Park Jimin က ရအောင်ထွက်ပြေးတယ်ဆိုတာကို
Jeongguk အံ့ဩလို့ မဆုံးပါ....အဲ့တာထက် သူ့ရယ့် လူတွေကို အကုန်သတ်သွားတာ Park Jimin
ဟုတ်လား မဟုတ်လားဆိုတာ သိရမှဖြစ်မည် ~ အကယ်၍
ဟုတ်လျှင် Jeongguk သတိထားမှရမည်...Yoongiကတော့ Jimin က ဒီလို လုပ်တယ်ဆိုတာ မဖြစ်
နိုင်ဘူးဟု သာပြောနေပေမယ့် Jeonggukကတော့ ၅၀%
လောက်သာ ယုံသည်....ကျန်တယ့်၅၀%ကတော့ မယုံပါ ~
ဘာလို့ဆို သူတို့တွေ Park Jimin အရင်က ဘာအလုပ်လုပ်
တယ်ဆိုတာ မသိပါ....Yoongi ပြောတာတော့ coffee
ဆိုင်မှာ waiterလို့သာ~ ဒါပေမယ့် အခုမှ သေချာ စဉ်းစား
မိတော့ Coffeeဆိုင်မှ ရသော လစာလေးဖြင့် Park Jimin
သည် သူ့ရယ့် ကျောင်းစရိတ်ရော သူ့ မိဘ တွေကို ရော
ဘယ်လို ထောက်ပံ့နိုင်မလဲ? Jeongguk စိတ်ထဲကနေ
တစ်ခုခုကို ခံစားနေမိသည်....
YOU ARE READING
Psychotic Bunny (KOOKV)✔
Fanfiction" I will fucking kill everyone just to keep you , Angel" 🍒 (Zawgyi+unicode✓)