Unicode
သွားပါပြီ!Baekhyuneeလေးရဲ့ စိတ်ကူးနန်းတော်
လေးတော့ ပျက်စီးပါပြီ!
အားးးရှီးးးးးး မုန်းလိုက်တာ!!!!အကုန်လုံးကို
မုန်းတယ်!!!!!Baekhyun တစ်အိမ်လုံးရှေ့မှာ ခြေဆောင့်ပြကာ
ကိုယ် အခန်းထဲကိုယ် ဝင်လာလိုက်သည်။
လာချော့!! အဲဒီ့မှာ လာချော့ကြစမ်း!!!!ဒီနေ့ စာမေးပွဲနောက်ဆုံးနေမို့လို့ ကျောင်းကနေ အိမ်
ကိုပြန်လာရင်း လမ်းတစ်လျှောက်လုံး ပျော်လာတဲ့ အပျော်လေးတွေပျက်...!တကယ်တော့
ဒီကျောင်းပိတ်ရက်အတွက် Baekhyunee
လေးမှာ အစီအစဉ်တွေ အများကြီး။သူငယ်ချင်းတွေနဲ့ dateလုပ်ရင်း ရုပ်ရှင်လည်း
ကြည့်ဦးမှာ။Pizzaလည်းသွားစားကြဦးမှာ။
နီးနီးနားနား ပင်လယ်ဘက်ကိုလည်း ခရီးထွက်
လိုက်ချင်သေးတာ။အခုတော့။အခုတော့!!!!မေမေတို့ မိတ်ဆွေတွေရှိတဲ့ နယ်ဘက်ကို အရေးကြီး
ကိစ္စနဲ့ တစ်မိသားစုလုံးသွားရမတဲ့။သွားပြီပေါ့။
စိတ်ကူးထားခဲ့တဲ့ အိမ်မက်လေးတွေ ပျက်ရပြီပေါ့။အဲဒီ့နယ်ကလည်း တကယ့်တောကြိုတောင်ကြား။
ချောင်ကျတဲ့နေရာ။ဘယ်လိုလုပ် ရုပ်ရှင်ရုံရှိမလဲ။
ဘယ်လိုလုပ် pizzaစားရတော့ မလဲ။
မသိဘူး။ Baekhyuneeလေး စိတ်ညစ်တယ်။
Waaaaaahhhhhhhh!!!!!!!!!!!!!!!!!!!!ဒီလိုနဲ့ပဲ Baekhyun တစ်ယောက်တည်းငိုရင်း
ဘယ်သူမှလာမချော့တာကြောင့် အိပ်ပျော်သွားခဲ့တယ်။နောက်နေ့မနက်ရောက်တော့
Baekhyunမသွားချင်တဲ့ ခရီးကို သွားရဖို့အတွက်
အထုပ်အပိုးက ပြင်ပြီးသား ကားတံခါးက ဖွင့်ပြီးသား အဆင်သင့်။"Baekhyunee မဆိုးပါနဲ့ကွယ် မေ့သားလေးက
လိမ္မာရဲ့သားနဲ့ "ကားနောက်ခန်းထဲမှာထိုင်ရင်း နှုတ်ခမ်းဆူကာ
မျက်မှောင်ကြုံ့ထားတဲ့ Baekhyunကို
မေမေက လေသံဖျော့ဖျော့လေးနဲ့ချော့လာသည်။မလိုက်ချင်ပါဘူးဆို။မလိုက်ချင်ပါဘူးဆိုမှ။
စိတ်ထဲမှာ အော်ဟစ်ပေါက်ကွဲလိုက်ပေမယ့်
အပြင်မှာတော့ ထုတ်မပြောရဲ။အလိုလိုက်ပြီး
ချစ်ပေမယ့် မျက်နှာတည်တဲ့ ဖေဖေ့ကို နည်းနည်း
ရှိန်သည်လေ။အဆူခံရရင် ကိုယ်ပဲ ဝမ်းနည်းရဦး
မှာမလား။ငြိမ်ငြိမ်လေးနေရင်း တိတ်တိတ်လေး
ဆန္ဒပြတာပဲကောင်းပါတယ်။
YOU ARE READING
Footprint
Fanfictionဟိုးတစ်ချိန်က လှပခဲ့တဲ့ ချစ်ခြင်းခြေရာတွေပေါ် ကျွန်တော်တို့ တစ်ထပ်တူတည်း လျှောက်ဖြစ်ခဲ့မယ်ဆိုရင်ရော..........