အပိုင်း-၎

3.4K 329 8
                                    

စိမ့်စမ်းပြာရေအိုင်မှ အလွမ်းဒဏ္ဍာရီ (အပိုင်း-၄)

@@@@@@@@@@@@@@@@@@

'ထျန်းရန် ဒီနားမှာ လာထိုင်၊ ထျန်းရန် ငါ့အတွက် ပန်းခူးပေးပါ'

'ထျန်းရန် ငါ့ကို ခေါင်းဖြီးပေး၊ ထျန်းရန် ငါ့ကို စာဖတ်ပြ'

'ထျန်းရန် ပြုံးပြ၊ ထျန်းရန် ငါ့ကိုကြည့်'

သေမျိုးတွေပြည်မှာ နေရတာက ပျော်ဖို့ ကောင်းသည်။ ဆရာ့ကို အန္တာရာယ် မဖြစ်အောင် ကာကွယ် နိုင်သည်။ ကြည့်ရတာ ဆရာကလည်း သက်ရှည် နှစ်တစ်ထောင်ဝက်ဝံဘဝမှ ကူးပြောင်းတော့မည်။ နောက်ထပ် ကိုးဘဝ ကျန်သေးသည် ဖြစ်ရာ ကျန်သော ကိုးဘဝတွင် ဆရာ့ကို သေချာစွာ စောင့်ရှောက်ပေးရန် တွေးမိသည်။

လူ့ပြည်မှာ အနေချင်ဆုံး ရည်ရွယ်ချက်ကတော့ အသွင်မတူသော ထိုမြေနတ်ချောချာ ထျန်းရန် ရှိနေတာကြောင့်ဟု ပြောလျှင် ပိုမှန်မည်။ သို့သော် ကျိုးရင်းက အနားလာဆိုမှ အနားသို့ တိုးသည်။ ဒီလိုလုပ်ပါဟု ဆိုမှ သူက လှုပ်ရှားသည်။ ဒါကို လုပ်ပါ ဒီလိုပြုံးပါ ရယ်ပြပါ ဆိုသော အရာတွေကိုပင် အမိန့်ပေး စေခိုင်းနေရတာကို မခံချိမခံသာ ဖြစ်ရသည်။ တစ်ရက်တော့ ထိုအကြောင်းအရာတွေကို အတိအကျ ရှင်းလင်းဖို့ လိုအပ်ပြီဟု အတွေးပေါက်ပြီးနောက်

'ထျန်းရန် ငါတို့ အကြောင်းရာ တစ်ခုကို ဆွေးနွေးရအောင် ငါ့ရှေ့မှာ လာထိုင်'

ထျန်းရန်က သူမ ရှေ့မှာ ဝင်ထိုင်လိုက်ပြီး

'နတ်ဘုရားမ ဘာလို ဆွေးနွေးချင်တာလဲ မသိဘူး'

'ငါမင်းကို ပြဇာတ်တစ်ပုဒ် ပြောပြမယ်'

'ကောင်းပါပြီ'

'ပြဇာတ်ထဲမှာ မင်းသမီးနဲ့ တောတွင်းသားလေး တစ်ယောက် အကြောင်း ပြောပြမှာ'

ထျန်းရန်ကား အလွန်ရိုကျိုးနေသေးသော အမူအယာဖြင့် ဖြေဆိုသည်။ ဒီလို အပြုအမူအရတော့ သူမတို့ ဝေးကွာရဖို့ များနေပြီ။ ရင်းအော် ဝံ့ကြွားစွာ ပြုံးနေခြင်းတွေ ခပ်ပါးပါး ပျောက်ကွယ်သွားမိပြီ။

'ဟုတ်ကဲ့'

'အင်း မင်းသမီး တစ်ပါးရှိတယ် ဆိုပါတော့ တစ်ရက် အဲ့မင်းသမီးလေးက တောထဲကို ရောက်သွားပြီး တောတွင်းသားလေးနဲ့ ဆုံတယ် အဲ့ဒီမှာ တောတွင်းသားလေးကို မင်းသမီးလေးက သဘောကျသွားတယ် ပြီးတော့ တောထဲမှာပဲ လာနေတယ် တောတွင်းသားလေးက မင်းသမီးလေးကို စောင့်ရှောက်ရမယ်လို့ မင်းသမီးလေးက အမိန့်ပေးလိုက်တယ် အဲ့ဒီမှာ မင်းသမီးလေးရဲ့ စကားကို နာခံပြီး တောတွင်းသားလေးက မင်းသမီးလေးကို စောင့်ရှောက်တယ် မင်းသမီးလေး ခိုင်းတာကို အကုန်လုပ်ပေးတယ်'

စိမ့်စမ်းရေပြာအိုင်မှ အလွမ်းဒဏ္ဍာရီ The Legend of Azure LakeWhere stories live. Discover now