(Zaw Gyi)
မိုးစက်မိုးပေါက်လေးတွေ တဖွဲဖွဲကျဆင်းနေတဲ့
အချိန်အခါသမယမှာ ပြတင်းပေါက်တွေအားလုံးပိတ်ထားသော်လည်း
အခန်းတွင်းလေထုက အေးစိမ့်စိမ့်လေးဖြစ်နေသည်...။ဒီလိုအချိန်ဆို စောင်လေးတစ်ထည်နဲ့ကွေးနေရခြင်းဟာ
လောကစည်းစိမ်တွေထဲက တစ်ခုဖြစ်သော်လည်း
အသက်ရှုလိုက်တိုင်း နှာဖျားကဝင်သက်ထွက်သက်က
ပူနွေးနေပြီး ၊ မျက်လုံးတွေကလည်း အပူခိုးတွေ
တရှိန်ရှိန်ထွက်နေကာ ၊ နားထင်ကြောတွေကလည်း တဆစ်ဆစ်နဲ့မို့
အင်မတန်ဇိမ်ရှိလှတဲ့ အချိန်လေးပျက်စီးရတော့သည်...။မအိပ်ခင်သောက်ထားတဲ့ ဆေးတွေကြောင့်
နောက်ကျောပြင်တစ်ခုလုံး ချွေးတွေရွှဲနေတာကို
ခံစားမိတော့ ဆက်အိပ်လို့မရတော့။
သို့ပေမယ့် မျက်လုံးတွေက မဖွင့်ချင်သေး၍
ငြိမ်ငြိမ်လေးနေပြီး ဆက်မှိန်းနေလိုက်သည်။နှဖူးပြင်ပေါ်က ခြောက်သွေ့စပြုနေတဲ့
ပုဝါလေးကို ဖယ်ခွာလိုက်ပြီး
နူးညံ့အိစက်နေတဲ့ လက်ဖဝါးလေးတစ်ဖက် ရောက်လာသည်...။" အင်း.. အပူချိန်နည်းနည်းကျသွားပြီ။"
ဆိုတဲ့ သက်ပြင်းချသံရောပါနေတဲ့
ခပ်တိုးတိုးလေသံလေးကို ကြားရသည်...။ပုဝါလေးကို ရေညှစ်နေသံလေးထပ်မံကြားရပြီး
ခပ်စိုစိုအဝတ်တစ်ခု နှဖူးပေါ်ပြန်လည်ရောက်ရှိလာသည်...။ဘယ်သူရှိမလဲ...။ နေမကောင်းနေတဲ့အချိန်တိုင်း
ဘေးနားကနေ မအိပ်မနေစောင့်ပေးနေတတ်တဲ့
ကျွန်တော့် ရင်ထဲကမမပေါ့...။မမက ကျွန်တော့်အပေါ် အမြဲဂရုစိုက်လေလေ...
မမအပေါ် မကောင်းခဲ့တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်
အပြစ်တင်မိလေလေပဲ။တကယ်ဆို
Ooh Sehunဆိုတဲ့ကျွန်တော်က မမရဲ့အချစ်တွေနဲ့
မထိုက်တန်ခဲ့တဲ့သူပါ။
ကိုယ့်ကို အမြဲအရိပ်တကြည့်ကြည့်နဲ့
ချစ်ပေးနေတဲ့ မမကို နာကျင်စေခဲ့ဖူးတဲ့သူပါ...။
မမရဲ့ ချစ်ခြင်းမေတ္တာနဲ့ ရောယှက်နေတဲ့
ကျေးဇူးတရားကို မသိနားမလည်တတ်တဲ့သူပါ...။
မမကို အနားရှိစေချင်သလို
ရန်သူတော်ငတိလေးကိုလည်း
နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး
ရူးရူးမိုက်မိုက် ချစ်ခဲ့ဖူးသူပါ...။
YOU ARE READING
Undercover (One Shot)
Fanfictionလျို့ဝှက်စွာချစ်ခဲ့သူ ....... လျို့ဝှက်စွာချစ်ခဲ့သူ