💔💔💔

601 47 4
                                    

ခြံတံခါးရဲ့​ရှေ့မှာ ကားကိုခဏရပ်​ပြီး ဟွန်းတီးလိုက်​​တော့ security gate က ဦး​လေးကြီးက ​ခြံ​ရှေ့ကိုတစ်​ချက်​လှမ်းကြည့်​ပြီး ကျ​တော့်​ကားကိုမြင်​တာနဲ့ ခလုတ်​​လေးနှိပ်​ပြီး ခြံတံခါးကိုဖွင့်​​ပေးလိုက်​သည်​.........

တံခါးပွင့်​လာတာနဲ့ ​ဘေးတစ်​ဖက်​တစ်​ချက်​စီမှာ ပြု ပြင်​​ထား​သောပန်း​နု​ရောင်​နှင်းဆီပင်​ဝဲဝဲ​လေးများစီတန်း​နေ​သော လမ်းက​လေးအတိုင်း ကားကိုဆက်​​မောင်းလာလိုက်​သည်​.........

၁၀ မိနစ်​ခန့်​​မောင်းပြီး​သော်​ ​ခမ်းနားထည်​ဝါလှ​သော စိမ်းနု​ရောင်​တိုက်​အိမ်​ကြီး​ရှေ့ရှိ ​ရေပန်း​လေးကိုဝိုက်​ပတ်​ကာ အိမ်​ကြီး၏​ဘေးနားရှိကားရပ်​နားရာ​နေရာတွင်​ကားကိုရပ်​ထားခဲ့ပြီး မိမိအိတ်​ကိုဆွဲလို့ အိမ်​ကြီးထဲသို့လှမ်းဝင်​ခဲ့လိုက်​သည်​........

အိမ်​ထဲ​ရောက်​​တော့ ဧည့်​ခန်းထဲတွင်​ ရယ်​ရယ်​​မော​မောစကား​ပြော​နေကြ​သောလူသုံး​ယောက်​က ကျ​တော့်​ကိုမြင်​​တာနဲ့ ပြုံးပြနှုတ်​ဆက်​ကြသည်​.......

>> aww သား​​လေး ​ရောက်​လာပြီလား လာ ထိုင်​ပါဦးကွ.....သားငယ်​က​တော့ သူ့အခန်းထဲမှာ ​နေသိပ်​မ​ကောင်းလို့နား​နေတယ်​.....​သေချာကြည့်​​ပေးခဲ့ပါဦးကွယ်​.........

** မထိုင်​​တော့ပါဘူး ဦး......​ဆေးရုံမှာလုပ်​စရာ​လေး​တွေရှိ​သေးတာမို့ ညီ့ ကိုကြည့်​ပြီးပြန်​လိုက်​ပါ့မယ်​.......

>> ​aww ဟုတ်​ပါပြီ.....သားလဲပင်​ပန်းမှာ​ပေါ့ ကိုယ်​ပိုင်​​ဆေးရုံဆို​တော့ ​ဆေးရုံအုပ်​တာဝန်​​ရော ​ဆရာဝန်​တာဝန်​​ရောနဲ့.......​အား​တောင်​နာပါတယ်​.....အလုပ်​မအားတဲ့သူကို.......

** ရပါတယ်​ဦးရဲ့.........မပင်​ပန်းပါဘူး ​မေ​မေကလဲ​ပြောထားပါတယ်​ ညီ့ကို​သေချာဂရုစိုက်​ကုသ​ပေးဖို့.......

>> ​​ကျေးဇူးပါပဲကွယ်​....သားမိဘ​တွေနဲ့​တောင်​ မ​တွေ့တာကြာပြီ....​နောက်​မှ သတ်​သတ်​ထမင်းစားဖိတ်​ပါဦးမယ်​.......ဒါနဲ့ သားငယ်​ကလဲ ခု​နောက်​ပိုင်း ​ရောဂါက ပိုပိုဆိုးလာသလိုပဲ.....သူက ရှားပါးတဲ့ဗီဇနဲ့ဆို​တော့လဲ သူနဲ့နှလုံးကိုက်​ညီတဲ့သူရှာဖို့ခက်​တယ်​.......
(နှလုံးအစားထိုးတာ ဘယ်​လိုလဲ​တော့မသိဘူး​နော်​ ​ကိုယ်​​လျှောက်​​ရေးထားတာ)

**ဟုတ်​.....မကြာခင်​ရှာ​တွေ့မှာပါဦးရဲ့ ခု​တော့ ​ဆေး​နဲ့ပဲထိန်းထား​ပေးရဦးမှာ​ပေါ့....

ပြောရင်းနှင့်​ လက်​မှာပတ်​ထား​သော ​ရွှေအို​ရောင်​ rolex နာရီကိုတစ်​ချက်​ကြည့်​ကာ

** ဒါဆို ခွင့်​ပြုပါဦး​နော်......

အခန်းထဲရှိ လူသုံး​ယောက်​ကိုနှုတ်​ဆက်​ပြီး အ​ပေါ်ထပ်​က မိမိလူနာ​လေးရှိရာဆီသို့....

<<>>

မိတ်​ဆက်​ရဦးမယ်​ ကျ​တော့်​လူနာ​လေးက ဒီအိမ်​ရဲ့အ​မွေဆက့်​ခံသူ နှစ်​ဦးအနက်​အငယ်​ဆုံး​လေး​လေ......ကျ​တော်​က နှလုံးအထူးကုဆရာဝန်​တစ်​​ယောက်​ဖြစ်​ပြီး ကိုယ်​ပိုင်​​ဆေးရုံဖွင့်​ထားသူမို့ မအားလပ်​​ပေမယ့်​ မိ​ဘ​တွေနဲ့ရင်းနှီး​သော မိသားစုမို့ မကြာခဏ ဒီအိမ်​ကိုလာပြီး ဒီ​ကောင်​​လေးကိုကုသ​ပေးဖို့ တာဝန်​ယူ​နေရတယ်​.......

ပြောရင်းနဲ့ အခန်း​ရှေ့​ရောက်​လာပြီ.....

တံခါးကိုအသာအယာဖွင့်​ကာ အခန်းထဲကို​ဝင်​လိုက်​​တော့ မိမိမြင်​​နေကျ ဖြစ်​​သောမြင်​ကွင်းကဆီးကြို​နေသည်​.........

မိမိနှင့်​မစိမ်း​​သော်​လဲ ရင်​ထဲမ​ကောင်းရ​သောမြင်​ကွင်း​ပေါ့​လေ.....

ဆေးပိုက်​တန်းလန်းနဲ့ အိပ်​ယာ​ပေါ်လှဲ​နေ​သော ​ကောင်​​လေး ငယ်​ငယ်​ထဲက ​မွေးရာပါနှလုံး​ရောဂါရှိပြီး ချူချာ​လှ​သော​ကောင်​​လေး......

မျက်​နှာ​လေးကလဲ ဖြူ​ဖျော့လို့........မျက်​ဝန်းများက​မှေးမှိတ်​ထားကာ ငြိမ်​​နေသည်​မို့ အိပ်​​နေသလားဟု ​တွေးမိ​သေးသည်​.......

အနားသို့သွားကာ ခုတင်​​ဘေးစွန်းဝင်​ထိုင်​​တော့ ခုတင်​လှုပ်​သွားလို့ထင်​ မျက်​ဝန်းများပွင့်​လာ​​လေသည်​..

# အိပ်​​နေတာမဟုတ်​ဘူးပဲ#

** ညီ......​နေလို့ထိုင်​လို့အဆင်​​ပြေရဲ့လား???

မေးလိုက်​​တော့......

* ကို...ကြီး...!!!

အသံ​လေးကလဲ တိုးညှင်းစွာထွက်​လာ​လေသည်​...

ထို့​နောက်​ >>>>>

TBC###

လိုတာရှိရင်​ ​ပြော​ပေးသွားကြပါ​နော်​....

RegretWhere stories live. Discover now