" မင်း Uncle သားနဲ့ ဝေးဝေးမှာနေပေးပါ Jung Kook "
" . . . . "
ရုတ်တရက် ထွက်ကျလာတဲ့ စကားကြောင့် အနည်းငယ် မှင်သက်သွားရုံကလွဲ မအံသြမိ။
" Uncle ပြောတာကြားရဲ့လား? "
" ဟုတ်ကဲ့ ... "
" Tae hyung အပေါ် မင်း ဘယ်လိုတွေသဘောထားနေတာလဲ Jung kook? မင်းတို့က ယောက်ျားလေးတွေနော် .. Uncle ပြောတာ သဘောပေါက်ရဲ့လား? "
" . . . "
ကျတော် ခေါင်းလဲမငြိမ့်သလို .. ခွန်းတုန့်ပြန်ဖို့် စကားလုံးတွေလဲ ထွက်ကျမလာခဲ့ ။
တစ်နေ့ ဒီလိုအခြေအနေမျိုး ... ဒီလိုအနေအထားမျိုး .. ဒီလိုမေးခွန်းမျိုး ခေါ်မေးခံရမယ် ကြိုသိသော်လည်း ~~ကျတော်တို့ ၂ယောက်အတွက် မစောလွန်းသေးဘူးလား Uncle ရယ် ...
" Jung Kook , Uncle မင်းကိုရှင်းရှင်းပဲပြောချင်တယ်..Tae hyung က Uncle ရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူဆိုတာ မင်းလဲသိမှာပါ..Uncle သူ့အိမ်ထောင်ရေး၊အချစ်ရေးတွေမှာ ဝင်မစွက်ဖက်ချင်ဘူး..ဒါပေမဲ့ သဘာဝတရားကိုလွန်ဆန်နေတဲ့ ကိစ္စဆိုရင်တော့ Uncle တားရလိမ့်မယ်...မင်းလဲအသိုင်းအဝိုင်းကြီးထဲကပါ...အရှင်းဆုံးပြောရရင် ပတ်ဝန်းကျင်စကားတွေကြောင့် Uncle လုပ်ငန်းတွေမထိခိုက်စေချင်ဘူး...ဒီလုပ်ငန်းတွေဆိုတာကလဲ Uncle မရှိတော့ရင်Tae Hyung ကို အကုန်လွှဲခဲ့ရမှာ..အဲ့တာကြောင့် ပတ်ဝန်ကျင်ရဲ့ ဝေဖန်ပြောဆိုမှု့တွေကြား Tae hyung ကို မထားချင်ဘူး .. "
Uncle ရဲ့ ပညာသားပါပါ ပြောတဲ့စကားတွေက ဘာကိုဆိုလိုချင်မှန်း ကျတော်သိသော်လည်း မသိချင်ယောင်ဆောင်ချင်မိတယ်..။
စောသေးတယ်~
အရမ်းစောသေးတယ် ~
ကျတော် ဒီစကားတွေကို နားမထောင်ချင်သေးဘူး uncle ရယ် ~Tae hyung ကို အနှေးနဲ့အမြန် စွန့်လွှတ်ခိုင်းနေတဲ့စကားတွေကို ကျတော် မကြားချင်ယောင်ဆောင်ပါရစေ ...
YOU ARE READING
Taekook Land
FanfictionTaekook ( Yaoi ) အတိတ်ကချစ်လျှက်နဲ့ လမ်းခွဲခဲ့ရတဲ့ ကောင်လေး ၂ယောက် Hotel project လေးတစ်ခုကြောင့်ပြန်အဆင်ပြေသွားမှာလား ?? တစ်ယောက်နဲ့တစ်ယောက် မာနချင်းပြိုင်ရာကနေ အနီးကပ်ရှိလာတဲ့ အတွင်းရေးမှုးကောင်မလေးကိုဖဲ Jung Kook ဆို...