*BitterSweet*
ဆောင်းကုန်ခါနီးမို့ နှင်းတွေကလည်း တဖြိုင်းဖြိုင်းကျနေကာ အရင်လူစည်ကားရာ လမ်းဆုံလေးမှ လူတချို့  ခပ်စဲစဲသာတွေ့ရသည်။ဘတ်ခ်ဟွန်းသည် နောက်အပတ်စာမေးပွဲဖြေရမည်ဖြစ်တာကြောင့် အစ်ကိုဂျင်ဟော့နဲ့ အပတ်တိုင်းတွေ့တဲ့ကိစ္စကို လတ်စသတ်ရန် ဆိုင်ထဲသို့ ခပ်သုတ်သုတ်ဝင်လာပြီး မှန်တံခါးစေ့သွားမှ အပေါ်ထပ်နှင်းကာကုတ်အင်္ကျီကို ချွတ်ကာ ဘွိုင်လာနဘေးရပ်ရင်း ခုန်ဆွခုန်ဆွဖြစ်နေသည်။
မန်နေဂျာမင်းက ကောင်တာမှ မတ်တပ်ရပ်ပြီး ဘတ်ခ်ဟွန်းအား ပြုံးပြကာ
"ဘတ်ခ်ဟွန်းလေး ဒီလောက်အေးတာကိုး ဆိုင်ကိုလာသေးတယ်ကွယ်....အစ်မ ကော်ဖီပူပူလေးလုပ်ပေးရမလား?"
ဘတ်ခ်ဟွန်းက တုန်ရီနေတယ့်အသံလေးနဲ့ သွားလေးဖြဲပီး
"အစ်မ လုပ်ပေးမယ်ဆို ကျွန်တော် ဝမ်းမြောက်ဝမ်းသာ သောက်ရတာပေါ့ဗျာ...အာ ဒါနဲ့ အစ်ကိုဂျင်ဟော့..."
"အခန်းထဲမှာ ဘတ်ခ်ဟွန်းလေး"
မန်နေဂျာမင်းမှ အပြုံးလေးနဲ့ပြန်တုန့်ပြန်ပြီး
"ဒါဆို ခဏစောင့်နော်"
"ဟုတ်"
ဘတ်ခ်ဟွန်းဟာ အဝါရောင်ဆွယ်တာအပွလက်ရှည်လေးကို ဂျင်းပန်လေးနဲ့တွဲပြီး ရိုးရိုးနိုက်ကီစနိကာအနက်လေးဝတ်ထားသည်။
ဘတ်ခ်ဟွန်း အစ်ကိုဂျင်ဟော့ခ် အခန်းသို့ ဦးတည်ပြီးလျှောက်သွားလိုက်သည်။တံခါးက မှန်အကြည်ပေါက်လေးကနေ ဘတ်ခ်ဟွန်း ချောင်းကြည့်တော့ စားပွဲပေါ်မှာ တစ်ခုခုကိုစိတ်ဝင်တစားရေးခြစ်နေတဲ့ အစ်ကိုဂျင်ဟော့ခ် ကိုတွေ့လိုက်ရသည်။ဘတ်ခ်ဟွန်း တံခါးကို သုံးချက်ခေါက်လိုက်ကာ အသံကို နှိမ့်ပြီး
"Hyung?...."
ဂျင်ဟော့ခ် ခေါင်းလေးမော့လာကာ မှန်ကတဆင့်ဘတ်ခ်ဟွန်းလည်း မြင်တော့ မတ်တပ်ထရပ်ပြီး
"အော်..လာလေ ဘတ်ခ်ဟွန်း...ဟား....
ဒီလောက်နှင်းကျနေတာကိုး လာသေးတာလားကွာ"