အပိုင်း(၁၁) အဖေနဲ့သမီး

1.5K 235 5
                                    

ချူ ဝန်ဟိုင် ဆူညံသံတွေကြားလို့ လှည့်ကြည့်လိုက်တော့
အိမ်တံခါးဝမှာ ရပ်နေတဲ့ ချူ ယောင် ကိုတွေ့လိုက်ရတယ်။

ချူယောင် ဒီလောက်ဒေါသထွက်နေတာ အကြောင်းရှိတယ်။ အစကတော့ လုအန်းရန် ဆိုတဲ့
အနှောင့်အယှက်မပဲရှိတာ။ အခုတော့ နောက်တယောက်တိုးလာပြန်ပြီ။ ချူ ယောင် ဒေါသထွက်လွန်းလို့ မြင်မြင်သမျှကို ဖျက်ဆီးပစ်ချင်နေတယ်။

ချူ ဝန်ဟိုင် သူ့သမီးရဲ့အမူအရာကို ကြည့်ပြီး တခုခုတော့
မှားနေပြီဆိုတာ သိလိုက်ရတယ်။ ဖိနပ်ကိုလည်း
ကန်ပြီး ဧည့်ခန်းထဲ ဝင်လာတယ်။

" ဟမ့်... "

သူ့ခြေထောက်နားထိ ရောက်လာတဲ့ ဖိနပ်ကိုကြည့်ပြီး
ချူ ဝန်ဟိုင် သူ့သမီးကို မေးလိုက်တယ်။

" ယောင်ယောင် ဘာဖြစ်လာတာလဲ "

" ဖေဖေ လုအန်းရန် ကို ဘယ်တော့ပြန်ပေးဆွဲမှာလဲ
ပြန်ပေးဆွဲရင်လည်း မြန်မြန်ဆွဲ သူ့ကိုမြင်နေရတာ
သမီးမုန်းလွန်းလို့ "

ချူ ယောင် ပြောတဲ့စကားကို ကြားတာနဲ့ ချူ ဝန်ဟိုင် မျက်နှာတစ်ခုလုံး မည်းမှောင်သွားတယ်။

" အဲ့ကိစ္စအတွက် နင်စိတ်ပူစရာမလိုဘူး
နောက်တခေါက် မပြောနဲ့ "

" ဖေဖေ! မြန်မြန်လုပ်မှာသာလုပ်လိုက်ပါ! ဖေဖေ
အောင်မြင်မယ်ဆိုတာ သမီးအာမခံတယ် "

" နင်ဘာတွေပြောနေတာလဲ။ ကလေးတယောက်ဆီက
ဘာအကူအညီရမှာမလို့လဲ "

" ဒီလိုလေ ဒီတပတ် စနေနေ့မှာ သမီးတို့ကျောင်းလေ့လာရေးခရီး သွားစရာရှိတယ်
အဲ့အခါကျရင်.. ..."

ချူ ယောင် သူ့အဖေကို တိုးတိုးလေး ကပ်ပြောလိုက်တယ်။

" ယောင်ယောင် နားထောင်စမ်း နင်ဒီလိုကိစ္စတွေမှာ
ဝင်မပါသင့်ဘူး "

" ဒါပေမယ့် သမီးရဲ့အကူအညီနဲ့ပဲ လုအန်းရန် ကို
အောင်အောင်မြင်မြင် ပြန်ပေးဆွဲနိုင်မှာလေ "

ချူ ဝန်ဟိုင် တယောက် သူ့သမီးစကားကို ကြားတော့
အနည်းငယ်တုံ့ဆိုင်းသွားတယ်။

I will show you what the real revenge is[Myanmar Translation]Kde žijí příběhy. Začni objevovat