သူ့ထံပါး ၁

1.2K 25 4
                                    

သူ့ ထံပါး... အပိုင်း(၁)
==============

အဝေးပြေးကားတံခါးဖွင့် ဆင်းဆင်းခြင်း ညီမင်းထက် ပူလောင်တဲ့လေအငွေ့အသက်ကိုခံစားလိုက်ရလေသည်။ နေရောင်ခြည်သည်စူးရှလွန်း၏။လမ်းမပေါ်တံလျှပ်များကတစ်ဖျပ်ဖျပ် ။လူတွေ၏ လှုပ်ရှားသွားလာပုံများကြောင့် ပူလောင်နေသလိုလို။
"ဟာ ဒီလောက်ပူတဲနေရာမှာဘယ်သူတွေကများမြို့လာတည်ထားပါလိမ့်....နေတဲ့သူတွေကလဲရှိတယ် အံရော...စရောက်တာနဲ့စိတ်ပျက်စရာကစပြီ"
ညီမင်းထက်စိတ်ထဲတိုးတိုးလေးရေရွတ်လိုက်ခြင်းဖြစ်သည်။ညီမင်းထက် သည်တစ်ဦးတည်းသောသား၊ရုပ်ကအချောကြီးမဟုတ်ပေမဲ့၊စွဲမက်စရာမျက်လုံးနဲ့နှုတ်ခမ်းပိုင်ဆိုင်ထားသည်။ဘွဲ့ရရပြီးခြင်း ဘာအလုပ်မှမယ်မယ်ရရမလုပ်၍ အိမ်က ရန်ကုန်သို့သင်တန်းတက်ရန်လွှတ်လိုက်ခြင်းဖြစ်သည်။တစ်ဦးတည်းသောသားဖြစ်သည့်အတိုင်းလူ့ပေါ်ကျော့နေသည်။ မိဘများ၏အလိုလိုက်ခံရ၍ လူတိုင်းအပေါ်ဗိုလ်ကျတတ်သည်။သို့ပေမယ့် ဆိုးသွမ်းရမ်းကားသူတစ်ယောက်တော့မဟုတ်။ခုလဲရန်ကုန်ကိုမလာချင်ဘဲ လာခဲ့ရသည်။နည်းနည်းလေးမှစိတ်မပါ။ အတင်းအဓမ္မသွားရန် စေခိုင်းသော ဖေဖေ့ ကိုလည်း မကျေနပ်။ ဖေ့ဖေ့ကို မတားသော မေ့မေ့ကို ပို၍ မကျေနပ်။ တစ်ဦးတည်း ရှိသော သားကို ရက်ရက်စက်စက် အဝေးသို့ပို့ရက်ကြသည် မဟုတ်လား..

ဖေဖေတို့ငှါးပေးထားသောအဆောင်သို့ သွားရန် Taxi တစ်စီးကို လက်ပြတားလိုက်သည် ။ Taxi စီးမှ ဖြစ်ရသည့် အကြောင်းအရင်းထဲတွင် အထုပ်အပိုးများသည်က တစ်ကြောင်း။ ပြီးတော့လည်း အမှန်တကယ် ညီမင်းထက် ရန်ကုန်မြို့ပေါ် ဘယ်နေရာမှမသွားတတ်။ အလည်လောက် လာဖူးသော်လည်း ပူလွန်း၍ အပြင်တောင် မထွက်နိုင်ခဲ့။

ခုလဲကားတံခါးဖွင့်ထားရာကာနေ အသံမြည်၍ဝင်လာသော လေပူကိုခံစားရပြန်သည်။

ရန်ကုန်လေသည် မော်လမြိုင်လေနှင့်မတူ
မော်လမြိုင်လေသည် ပင်လယ်ဘက်မှတိုက်ခိုက်၍ နုသည်၊ထိတွေ့ရာ၌ ပေါ့သည်၊ အေးမြလက်ဆတ်သည့် ခံစားမှုကိုပေးသည်။
ရန်ကုန်လေသည် ကြမ်းသည်၊ထိတွေ့ရာ၌ လေးသည်၊ ထိုင်းမှိုင်းလေးလံသည့် ခံစားမှုကို ပေးလေသည်။

You've reached the end of published parts.

⏰ Last updated: Nov 07, 2018 ⏰

Add this story to your Library to get notified about new parts!

သူ့ထံပါးWhere stories live. Discover now