"အထိန်းတော်ကြီး"
"မှန်လှပါ အရှင်မင်းကြီး"
"ကိုယ်တော်ဒီနေ့ ချိုးရေတော်သုံးပြီးမှ အိပ်ဆောင်ဝင်မယ်"
"အမိန့်တော်တိုင်းပါအရှင်"
ငြိမ်းချမ်းရေးငါးတွေသုံးဆောင်ပြီးတဲ့နေကစပြီး မအီမသာ ဖြစ်သွားတာ ရက်အတော်ပင်ကြာသွားလေ၏။
ထို့အတူ ငါး ဆိုသည့်အသံကြားလျှင် ပျို့ပျို့တက်လာသော မင်းကြီးရယ်ပါ။
ကြင်ယာတော်လေးအစွမ်းသည် အံ့မခန်းပင်။
ထို့အတူ ကြင်ယာတော်လေးမှာလည်း မင်းကြီးနာမကျန်းဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းဖော်ထုတ်ရမည်ဟုလဲ ကျွေးကြော်ထားသေးသည်။
"ဒီအချိန် Byun လေး လေ့ကျင့်ရေးကွင်းမှာရှိရောပေါ့"
ညီလာခံသဘင်သည်အချိန်တိုအတွင်းပြီးစီးတာမို့ မင်းကြီးမှာ စာကြည့်ဆောင်တွင် သဝန်လွှာများဖတ်ရှု့ရင်း ကြင်ယာတော်လေးကိုလွမ်းတော်မူနေလေရဲ့။
ဖတ်လက်စ သဝန်လွှာကို လက်စသပ်ကာ ဘေးနားမှ မိန်းမစိုးကြီးကို စာရွက်နှင့် မှင်တံ ပြင်ခိုင်းလိုက်လေသည်။
မင်ရည်သွေးခိုင်းကာ ပန်းချီဆွဲရန်ပြင်နေသော မင်းကြီးရယ်ပါ။
ပန်းချီဆွဲခြင်းအမှု့၌သာ စိတ်နှစ်ထားသော မင်းကြီး၏ မျက်နှာတော်သည် အတော်ပင် ရွှင်ပြလို့နေသည်။
ဆွဲနေသောပန်းချီကားလေးသည် မှင်ရောင် တစ်ရောင်သာ ပါသော်ငြား လွန်စွာစွဲမက်ဖွယ်ကောင်းလှ၏။
ထိုပန်းချီကားလေးထဲတွင်တော့ ပြုံးတော်မူနေသော ကြင်ယာတော်လေး၏ ပုံတူလေးရှိနေပေသည်။
"ကိုယ်တော် လေ့ကျင့်ရေးကွင်းဘက်ကြွမယ်"
"အမိန့်တော်တိုင်းပါဘုရား"
ပန်ချီစာရွက်လေးအား လေသာသည့်နေရာတွင် မှင်အခြောက်ခံခဲ့ကာ လေ့ကျင့်ရေးကွင်းဘက်သို့ ကြွမြန်းသွားသော အရှင်မင်းကြီး။
Chanyeol မင်းကြီးသည် လေ့ကျင့်ရေးကွင်းမှကြင်ယာတော်လေး၏ အသွင်ပြင်အား ပုံဖော်ကာ စိတ်ထဲတွင် သိုဝှက်စွာပြုံးတော်မူလေရဲ့။
YOU ARE READING
Consort Byun
Fiksi PenggemarOne short to mini book Chanyeol×Baekhyun crd to Fanart owner ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]