Final(A)

6.7K 377 34
                                    


■MUFL's💓Story■

ရာသီစက်ဝန်းများက အချိန်မှန်လှည့်ပတ်နေသည်။ အားလုံးသူ့ဘာသာလှုပ်ရှားသွားလာမြဲဖြစ်ကြသလို MUFL ၏ ကျောင်းဝင်းသည်လည်း အရင်လို သာယာစမြဲ လူအများဝင်ထွက်သွားလာစမြဲဖြစ်သည်။

ကန်ဘောင်တွင် ထိုင်နေကြသောသူများအနက် ကောင်မလေး နှစ်ယောက်ထိုင်နေသည့်ခုံတန်းတွင် တစ်ယောက်က ဖုန်းနှိုက်နေသော်လည်း တစ်ယောက်က စာကျက်နေသည်။

""ပျင်းလိုက်တာ ညနေတရုတ်စာဖြေရမှာ မရသေးဘူးဗြဲ နင်စာမကျက်ဘဲ ဘာလုပ်နေတာလဲ ဖြူသန့်""

""ရှူး လာမနှောက်ယှက်နဲ့ဟာ ငါဒီမှာ fic ဖတ်နေတယ် ဖီးလ်နေတယ်ဟာ""

""Fic ဆိုမှနင် MUFL's Love Story ဖတ်လား""

"" ဖတ်တယ် ပိုင်ပိုင် couple လေ ဟုတ်တယ်မလား""

""ငါတရုတ်ဘာသာကိုရွေးခဲ့တာအဲ့တာကြောင့်ဟ ငါ့မှာအဲ့ဒါဖတ်ပြီး ပိုင်ပိုင် coupleနဲ့တွေ့ချင်လွန်းလို့လာတက်တာ""

""အော်သာက မမိုက်ပါဘူးဟာ.... The end လို့လည်းရေးထားသေး ကော်ရှင်မှတ်(?)ကြီးလည်း အောက်မှာပြထားသေး ဇာတ်သိမ်းမကြိုက်ဘူးဟာ....Mufl'sad story ပါဟာ "

""ငါထင်တာ ဇာတ်သိမ်းမဟုတ်လောက်ဘူး..
အဲ့ficကကြာနေပြီပြောတယ် ငါတို့က ခုမှဖတ်ရတာ နင်ပဲစဉ်းစားကြည့် အဲ့ficထဲကဇာတ်ကောင်တွေ အပြင်မှာရှိတယ်လို့ပြောတာ အဲ့ဒါ seme ကြီးက အမေရိက က ပြန်မလာသေးလို့ ရေးမရတာနေမှာ""

""ဇာတ်ကောင်တွေက အပြင်မှာရှိပေမယ့် fic က စိတ်ကူးယဉ်သက်သက်ဆို""

""မသိတော့ပါဘူးဟာ....ဒါနဲ့လေ Seme ကြီးက သိပ်ချစ်တတ်တာနော်""

""ဘာချစ်တတ်တာလဲ ကလေးကို ဘာမှမပြောဘဲနဲ့ထားသွားတာလေ ငါ့မှာကလေးကိုသနားလို့ မျက်ရည်တောင်ကျတယ်""

""နင်ကလည်းစဉ်းစားကြည့် ဘယ်semeက bottom ထိုင်လို့လဲ ခုဟာ သူမသွားခင် အကုန် ဖြည့်ဆည်းပေးခဲ့တာပဲ""

""ငါက Team uke""

""ငါကတော့ Team Semeပဲ seme ရဲ့ ချစ်တတ်ပုံကိုကြိုက်လွန်းလို့""

""ငါ cmtမှာသွားပြောထားတယ် fic update ပါ မလုပ်ရင်အိမ်ထိလာရိုက်မှာဆိုပြီး""

🎈💓MUFL's Love Story💓🎈Zaw Gyi And Unicode Where stories live. Discover now