Baekhyun အတန်းထဲသို့ရောက်သောအခါ သူ့နေရာတွင် အဆင်သင့် ရောက်ရှိနေသော နှင်းဆီဝါလေးကြောင့် ပြုံးမိလိုက်သည်..
ဒါက သူရရှိတဲ့ ၆၀ ပွင့်မြောက် နှင်းဆီဝါ...
ဟွန်းငယ်ဆိုတဲ့ nickname နဲ့အတူ သူ့ကိုဘယ်လိုချစ်ကြောင်း ဘယ်လို မြတ်နိုးကြောင်း ရေးသားထားတဲ့ စာရွက်လေးတွေနဲ့အတူ ယဉ်တွဲပါလာတဲ့ နှင်းဆီဝါလေး.....
တစ်ရက်မှမပျက်ကွက်ဘဲ စာသင်ခန်းက သူ့နေရာ ၊ အိမ်ရှေ့ ခြံတံခါးတွင် ရောက်ရှိနေတက်သော နှင်းဆီဝါတွေကြောင့် သူရင်ခုန်တက်ခဲ့ပြီ...
မည်သို့သော လူမျိုးက ထိုကဲ့သို့ သူ့ကိုဂရုတစိုက်နဲ့ တစ်ရက်မပျက် ပို့ပေးနေသည်ကိုတော့ သူအမှန်တကယ်ပင်မသိပေ...
"ဟော ရောက်နေပြန်ပြီလား Baekhyun...ပို့တဲ့သူကိုတော့ ငါတကယ်လေးစားတယ်...ဒါပေမဲ့ သူကဘာလို့ မင်းရှေ့ကို မထွက်လာရသေးတာလဲ..."
အတန်းထဲသို့ Baekhyun နောက်မှဝင်လာသည့် Chen က သူ့လက်ထဲမှ နှင်းဆီဝါကိုကြည့်ကာ ပြောလိုက်သည် ။
"အချိန်မကျသေးလို့နေမှာပေါ့...ငါတော့ သူအချိန်တစ်ခုကိုစောင့်နေတယ်လို့ ထင်တာဘဲ..."
"ဘာအချိန်လဲ...မင်းမိန်းမရပြီး ကလေးတစ်ဒါဇင်လောက်ရမဲ့အချိန်လား..အလကား ငကြောက်..."
"Chen...အဲလိုမပြောနဲ့ ငါမကြိုက်ဘူး..."
သူအသံ နည်းနည်းမာပြီး ပြောလိုက်တော့ Chen ဆိုတဲ့ကောင်စုတ်က ပုခုံးတွန်ပြီး ခွန်းတုံ့ပြန်လာသည် ။
"ငါက ငါထင်တာကိုပြောတာလေ...အမယ်...မင်းက မတော်ရသေးတဲ့ လင်အတွက် ငါ့ကိုတောင်အော်တယ်ပေါ့....တော်တော် ကောင်းတဲ့ သူငယ်ချင်းပါဘဲ..."
"Sorry...ခုဏကမင်းကိုအော်ခဲ့မိတဲ့အတွက်...ဒါပေမဲ့ ဒီပန်းနဲ့စာကိုပို့တဲ့သူက ယောကျာင်္းဖြစ်ချင်ဖြစ်မယ်...မိန်းမဖြစ်ချင်လည်းဖြစ်နိုင်တာဘဲလေ..."