ယခုထိုင်နေသည့်စားသောက်ဆိုင်ကို Stephiနှင့်အတူတွဲ၍မှတ်မိနေခြင်းက Taeyeon အတွက် အနည်းငယ် ဟာသဆန်ပါသည်။ ရှေ့တည့်တည့်ရှိ ပဲခေါက်ဆွဲပန်းကန်ကို ငြိမ်သက်စွာငေးကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"စားလို့မကောင်းဘူးလား Taeyeon ကိုယ်ဘာထပ်မှာပေးရမလဲ"
သူ့အသံကြားသည့်အခါ သူမ တည်ငြိမ်စွာမော့ကြည့်လိုက်သည်။ လွန်ခဲ့တဲ့ ၁လကျော်ကတင် ထိုလူနှင့်အတူ ဘဝကိုရှေ့ဆက်ချင်သည်ဆိုသောစိတ်ဖြင့် သူမဟာ ယူကျုံးမရဖြစ်နေခဲ့သေးသည်။ ယခုထိုလူနှင့်အတူ နေ့စဉ်ရက်ဆက် ရှိနေရပါလျက် စိတ်အတွင်းက နေရာလွတ်သေးသေးလေးကို ဘာကြောင့်များ တကူးတက သတိထားမိနေရတာလဲ။
"ကောင်းပါတယ်။ ကျွန်မ နည်းနည်းရင်ပြည့်နေလို့ပါ"
"ဪ ဟုတ်ပြီ။ ဒါနဲ့ ကိုယ်နဲ့အတူတူသွားဖို့ပြောထားတဲ့.."
Stephi သာရှိလျှင် သူမနဖူးကိုစမ်းကာ နေကောင်းရဲ့လား အဆင်ပြေရဲ့လား အန်ရောအန်ချင်နေသေးလား စသည့်မေးခွန်းများကို အရင်တန်းစီမေးလိမ့်မည်။ Taeyeon ဘက်က အဆင်ပြေကြောင်း အတည်ပြုပြီးမှသာ သူပြောလိုရာကို ဆက်ပြောလိမ့်မည်။
"Taeyeon ကိုယ်ပြောတာကြားရဲ့လား။ စိတ်တွေလွင့်နေပုံပဲ"
သူမ ဘာမှပြန်မပြောဖြစ်ပါ။ အလိုမကျဖြစ်နေသည့်စိတ်ကို တစ်ဦးတည်း တိုက်ထုတ်ပစ်နေရသည်။
"စိတ်ပြေလက်ပျောက် ဟန်မြစ်ဘေးဖြစ်ဖြစ် သွားကြမလား"
"မသွားချင်ဘူး။ အိမ်ပြန်ပို့ပေးတော့"
ချက်ချင်းပင် ဆတ်ခနဲထရပ်ကာ ထိုင်ခုံအမှီတွင်ချိတ်ထားသည့် ကုတ်အရှည်ကို ဆွဲယူလိုက်သည်။ ဒီအင်္ကျီတွေမြင်တိုင်း တစ်စုံတစ်ယောက်အကြောင်း ပိုတွေးမိသည်။ ကားစီးနေသည့်တစ်လျှောက်လည်း သူမအတွေးများ အတိတ်သို့ပြေးလွှားနေကြသည်။ မချိုသာသော်လည်း မခက်ထန်သော သူ၏စကားများ၊ မာနကြီးချင်ယောင်ဆောင်၍ ကန့်လန့်တိုက်တတ်သောအကျင့်များ၊ တစ်ခါတလေ ကလေးဆန်ဆန်ပြောတတ်လုပ်တတ်သည့် သူ့ပုံစံများ တစ်ခုချင်းစီ ခေါင်းထဲပေါ်လာသည်။
YOU ARE READING
Unlimited
Fanfictionကြယ်စုံတဲ့ညတွေဟာ သိပ်ကိုလှပတာ Stephi နင်ပြောသလို ငါ့လောက်တော့ မဟုတ်ပေမယ့်ပေါ့ ⚡