Sehun>> omma တကယ်ပြောတာလား...???
Mrs. Oh>> omma သားကို ဘယ်တုန်းကလိမ်ဖူးလို့လဲသားရဲ့....
Sehun>> ဝမ်းသာလိုက်တာ omma ရယ်....kim အိမ်တော်က လက်ခံပါ့မလား.....
Mrs. Oh>> aww omma သားက ရုပ်ရည်ရော အရည်အချင်းရော ပြည့်စုံပြီးသားလူပဲ....ဘယ်သူကငြင်းလိမ့်မလဲကွယ်....
Sehun>> အာ....ယောက်ျားလေးချင်းဆိုတော့ သဘောတူပါ့မလားလို့လေ.....
Mrs. Oh သူ့သားစကားကိုကြားတော့ နည်းနည်းအံ့သြသွားသည်...မိမိက kim lulu နဲ့ကြိုက်နေတယ်ထင်ခဲ့တာကိုး...အခု သားရည်ညွှန်းချင်တာက kim jongin ဆိုသောကောင်လေးကိုပေါ့....ထားပါတော့လေ..ဘာပဲဖြစ်ဖြစ်......
Mrs. Oh>> အာ့ဆို သား jong လေးကိုဖုန်းဆက်ပြောလိုက်ဦးမယ်.....
Mrs. Oh>> အေးအေး...သွားလေ....
***
Lulu>> ငယ်လေး ဒီနေ့တက်ကြွလန်းဆန်းနေပါလား....ပြောပါဦး ဘာနေ့မို့လဲ......
Kim lulu မိမိချစ်ရသောမောင်လေးအားကြည်ကြည်နူးနူးလေးကြည့်ကာမေးလိုက်ခြင်း....
မောင်လေးက မိသားစုထဲမှာ အငယ်ဆုံးဖြစ်ကာ ကျန်းမာရေးလဲချူချာသူဖြစ်သည့်အပြင် အချွဲပိုလေးလဲဖြစ်တာမို့ တစ်မိသားစုလုံးသာမက ဆွေမျို
းတွေကြားမှာပါ ချစ်ခြင်းကိုအပြည့်ရထားသူလေး....တက္ကသိုလ်မှာ စီးပွားရေးအထူးပြု နဲ့ တတိယနှစ်ရောက်နေပြီဖြစ်သော မောင်ချောလေးကို ချစ်ကြိုက်သူမိန်းမပျိုယောက်ျားပျိုများ ဝိုင်းဝိုင်းလည်နေပေမယ့် သူလေးကတော့ ရည်းစားရှိတယ်ဘာရယ်မကြားရ....
ခါတိုင်း ကျန်းမာရေးကသိပ်မကောင်းဘဲ အမြဲအားနည်းနေပုံပေါက်နေလေ့ရှိတာမို့ ဂရုစိုက်နေရပေမယ့်.. ဒီနေ့တော့ တက်ကြွနေပြီး လန်းဆန်းနေတာမို့ မေးမိခြင်း.....
တကယ်တော့ jongin ပျော်နေခြင်းက မနေ့က ကိုကြီးရဲ့ မင်္ဂလာစကားလာပြောကြမယ်ဆိုတဲ့စကားကြောင့်......