🌼စာတွေ ဖတ်ပါ.
သဘာဝကို ခံစားပါ.
ပြီးတော့~~ ကျွန်တော့ ကို ချစ်ပါ. . . . 🌼🍃
🍃
🍃
🍃
တရိပ်ရိပ်ပြေးနေသော ကားဖြူလေးကား Seoul နယ်နမိတ်ကို ကျော်လွန်၍ ကျေးလက်ဒေသ မြို့နယ်လေးသို့ ရှေးတူရှု့လျက်.
Baekhyun တယောက် ကားမောင်းရင်း ဘေးမှ ထိုင်ခုံပေါ် ပါလာသော ရာသီစာ အသီးအနှံတွေကို ကြည့်ရင်း တချက်ပြုံးလိုက်မိသည်.
ယခုသွားမည့် နေရာမှာက Seoul လို မြို့ကြီး ပြကြီးထက် ပိုမို လက်ဆတ်လှသော အသီးများက ပေါလှသည် မဟုတ်လား. ဒါကိုပင် သူ့မှာ တပင်တပန်း သယ်လာနေရသေးသည်လေ.ကား ဒတ်ခ်ျဘုတ် ပေါ်ထောင်ထားသော ဓါတ်ပုံလေးကို ကြည့်လိုက်မိပြန်တော့ မျက်လုံးအိမ်ကြီးကြီး . ပါးဖောင်းဖောင်း ကလေးငယ် နဲ့ ခပ်သေးသေး ကောင်လေးတယောက်တို့က ပြုံးရယ်လို့.
'မင်း လည်း တနေ့တခြား မျက်စေ့ရှေ့တင် အရွယ်ရောက်ခဲ့ပေါ့. Chan~'
ပြောပြီး ကားထဲ ခပ်တိုးတိုးပျံ့လွင့်လာသော အချစ်သီချင်းအေးအေးလေးကိုသာ လိုက်ညည်း လိုက်ရင်း... ...
'ဟော. .Baekhyunee ရောက်ပြီ။ မမကြီးရေးးးး... '
ကားပေါ်က အသီးခြင်းတွေကို လက်တဖက်က သယ်ထုတ်လာရင်း အိမ်ရှေ့အုတ်တံတိုင်း နီနီတွေ ရှေ့မှာ ရပ်ကာ ငယ်ဘဝ က လက်ကျန်ပုံတချို့ကို ကြည့်နေတုန်း ခြံထဲက မမငယ်ရဲ့ အသံစူးစူးက ထွက်လာခဲ့သည်.
လှုပ်ရှားမှု့တချို့ ကို ရေးဆွဲထားတဲ့ ကလေးလက်ရာလေးများကို မြတ်နိုးစွာ ကြည့်လိုက်ရင်း. .Baek ခြံထဲရောက်သွားတော့ မမငယ်က ခြံထဲထိ ဆင်းကြိုသည်.
မျက်စိတဆုံး စိုက်ထားသော အရောင်စုံ ပန်းခင်းလှလှကို တချက်ကြည့်လိုက်ရင်း .'မမငယ် ပျော်နေကောပေါ့. ပန်းတွေ ပွင့်နေပြန်ပြီလေ. '
'အင်း. ပျော်တာပေါ့. မမငယ်ထက် တယောက်သောသူကတော့ ပိုပျော်နေလေရဲ့။ တလနေမှ တခါလောက် ပြန်လာတဲ့ အိမ်ကိုတောင် ထူးထူးခြားခြားပြန်လာမယ်တဲ့လေ။ '
YOU ARE READING
🌼ပန်းပွင့်တို့ ညို့ငင်ရာ အရပ်ဆီသို့🌼
Romanceစာတွေ ဖတ်ပါ. သဘာဝကို ခံစားပါ. ပြီးတော့~~ ကျွန်တော့ ကို ချစ်ပါ. . . . From Perfect two fic book~