Park Chanyeol....
သူသည်ကား Tempo ကျောင်းတော်ကြီးရဲ့The Whole King...
ချောမောလွန်းသော ရုပ်ရည်နဲ့ သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကြောင့် လိုချင်သူများ ဝိုင်းဝိုင်းလည်နေသည့် ကောင်လေးတစ်ယောက်...
စာလည်းတော်ပြီး ကျောင်းသားအများစုရဲ့ စံပြကျောင်းသားကြီး...
ထိုကဲ့သို့သော Park Chanyeol က ယောကျာင်္းလေးတစ်ယောက်ကို ချစ်မိသွားတာက နည်းနည်းတော့ ရယ်စရာကောင်းနေမှာပေါ့....
ဒါပေမဲ့ သူက ဂရုမစိုက်စွာနဲ့ဘဲ ထိုကောင်လေးရဲ့ အချစ်ကို ရအောင် သူ့နည်းသူ့ဟန်နဲ့ ကြိုးစားသည်....
မြတ်နိုးစွာနဲ့ သူ့ကို ချစ်စနိုးခေါ်မိသည့်နာမည်လေးက ဟျွန်းငယ်...
နေ့တိုင်း နှင်းဆီဝါတစ်ပွင့်နှင့် သူ့နှလုံးသားမှထွက်လာတဲ့ သံစဉ်တွေကို စာသားအဖြစ်ကူးပြောင်းပြီး ဟျွန်းငယ်ဖတ်စေရန် အမြဲမပြတ်ပို့ပေးခဲ့သည် ။
သူသိတာပေါ့ ...ဟျွန်းငယ်ကလဲ နှင်းဆီဝါတွေရဲ့ ပိုင်ရှင်ကို သိချင်နေရှာမယ်ဆိုတာ...ဒါပေမဲ့ အချိန်တစ်ခုရောက်အောင်အထိ သူ့ရှေ့ကိုမထွက်ပြခဲ့ဘဲ နောက်ကွယ်ကဘဲ မြတ်မြတ်နိုးနိုးနဲ့ ချစ်နေခဲ့မိသည် ။
အခုတော့ ဟျွန်းငယ်ရဲ့ရှေ့ကို သူထွက်ပြချိန်တန်လေပြီ....
ဟျွန်းငယ်မလာခင်မှာဘဲ ကျောင်းခေါင်မိုးထက်ကို သူတက်လာခဲ့တယ် ။ ကောင်းကင်ကြီးကလည်း ဒီနေ့မှပိုပြီးသာယာနေသလို ။ ပတ်ဝန်းကျင်တခွင်ကလည်း စိမ်းစိမ်းစိုစိုလေးနဲ့ ။ ယခင်နေ့တွေကဘဲ သူမမြင်မိတာလား ။ ယနေ့မှဘဲ သတိထားမိခဲ့တာလားတေည့ မသိ ။
ကျောင်းခေါင်မိုးထပ်မှာ လုပ်ထားတဲ့ ခုံတန်းလေးမှာထိုင်ရင်း သူ့နှလုံးသားရဲ့ အရှင်သခင်လေးကို စောင့်နေမိသည် ။ သူ့လက်ထဲတွင်တော့ ၆၁ ပွင့်မြောက်နှင်းဆီဝါလေးက အဆင်သင့် ။ စာတွေစီကုံးဖို့ မလိုတော့ဘူးလေ ။ သူကိုယ်တိုင် ဖွင့်ပြောဖို့အတွက် ဆုံးဖြတ်ပြီးပြီမို့လို့ ဒီဆုံးဖြတ်ချက်အတွက် နောင်တရစရာမရှိ...။