အပိုင်း၂၀

218 13 0
                                    

တိတ်ဆိတ်လှသော ညနေခင်းတွေတိုင်းမှာ နှင်းဆီပန်းခြောက်တွေ စပယ်ပန်းခြောက်တွေ ကန္ဓာမာပန်းအခြောက်အတွေနဲ့အတူ အချိန်တွေကို ကုန်မှန်းမသိ ကုန်ဆုံးရခြင်းဟာ ကျွန်တော့်အတွက် ရှင်သန်ရခြင်းရဲ့ အကြောင်းပြချက် တစ်ခု။ သူ သဘောကျသော အရာတွေကို လုပ်ခွင့်ရနေခြင်းဟာ ကြည်နူးမှုအရိပ်အယောင် အပြည့်ပင် ဖြစ်သည်။ "ပျောက်သောသူ ရှာရင်တွေ့ သေသောသူ ကြာရင်မေ့" ဆိုသော စကားပုံသည် ကျွန်တော့်အတွက်တော့ မမှန်ခဲ့။ မောင့်ကို ကျွန်တော် ရှာလို့မတွေ့ခဲ့သလို မေ့လို့လဲ မရခဲ့။ အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော်ရဲ့ မျှော်လင့်ချက်တွေက မှေးမှိန်မသွား။

တစ်စုံတစ်ယောက်ရဲ့ အိမ်ပြန်လမ်းကို ပန်းခြောက်လေးတွေကို ဆေးစိမ်ရင်း ကျွန်တော်စောင့်နေတာ သက်ဆိုင်သူကို သိစေလိုသည်။ ယုံကြည်မှုက ခိုင်မာလွန်းတာ မမြင်ရသော သံယောဇဉ်တွေကြောင့် ထိုသံယောဇဉ်တွေဟာ ပုံဖော်လာတာနဲ့အမျှ ရင်ထဲက အစိုင်အခဲက ကြီးမားလာလေ။ ထိုသို့ ကြီးမားလာတာနဲ့အမျှ စောင့်မျှော်ရတဲ့အချိန်တွေက များလာလေလေ။

"

||လွမ်းရစ်တော့လေ ချစ်ဦးသက်ငယ်||Onde histórias criam vida. Descubra agora