Ep1
Unicode version..."Nii Niiအိပ်ပုတ်ကြီးမနေနဲ့ ထတော့လေ"
(ဂျပန်လို အစ်ကိုOnichanကို ချစ်စနိုးအခေါ်အဝေါ်ပါ)"Chi Chan အိပ်ရေးမဝသေးတာမို့ ငါအိပ်ပါရစေ"
"ကိုကိုပဲ သူငယ်ချင်းတွေနဲ့ချိန်းထားလို့ နှိုးပေးဆို"
"ဟုတ်သားပဲ ငါမေ့သွားနေတာ"
Shoတစ်ယောက်အသည်းသန်ထပြီး ရေချိုးဖို့ရေချိုးခန်းထဲကိုပြေးဝင်သွားတော့သည်။
ရေချိုးခန်းထဲနေ နံရံမှာချိတ်ထားတဲ့နာရီကိုကြည့်တော့
၇နာရီခွဲ ချိန်းထားသည်က ၈နာရီ။စျေးရောင်းပွဲတော်က ၈နာရီစမည်ဆိုပေမယ့် စောစီးသောငှက်တို့သည် အစာဝသည်ဆိုသောစကားပုံကဲ့သို့ပင် အစောဆုံးသွားနိုင်မှ တန်းစီတာနှင့်ဘာနှင့် အဆင်ပြေလေမည်။
နောက်ကျလျှင် အမှိုက်ကောက်၍သာ ပြန်လာရလေမည်။
otakuတို့ရဲ့ လုံ့လဝီရိယကို ဘယ်လိုနည်းနှင့်မှလျှော့တွက်လို့မဖြစ်...သူရေချိုးလို့ပြီးတော့ အမေကအောက်ထပ်မှာမနက်စာပူပူနွေးနွေးကိုပြင်ထားပေလေသည်။
miso soupရဲ့ အနံ့သင်းသင်းကနှာခေါင်းတွင်းသို့ဝင်ရောက်လာကာ စားဖို့လက်ယက်ခေါ်နေသလိုပင်။
ဗိုက်ထဲကအချက်ပြသံကလည်း ကျယ်လောင်နေသည်မို့
လစ်လျူမရှုနိုင်ဖြစ်နေ၏။စိတ်ကိုဒုန်းဒုန်းချပြီး နောက်ကျလဲနောက်ကျစေတော့ဟုဆိုကာ စားပွဲဝိုင်းတွင်နေရာယူလိုက်သည်။
ကြက်ဥလိပ်လေးရဲ့ အရသာကလျှာပေါ်မှာ အိအိကလေး miso soupလေးကိုသောက်ပြီး ဆန်စေးစေးလေးကိုအရသာခံပြီးမျှောချနေသည်။"စောနကပဲ နောက်ကျနေပြီဆို အခုကျ ကိုကိုစားဝင်သေးသားပဲ"
"အစားလောက်ဘယ်ဟာမှအရေးမကြီးဘူး"
ph ring...
"Sho အခုထိထွက်မလာသေးဘူးလား"
"အင်း ...ငါလာနေပြီ လမ်းမှာ"
"Rotan သူ့ကိုမယုံနဲ့ ခုမှသူပါးစပ်ထဲအစားသွပ်နေတုန်း"
"Chi chan နင်ကဘယ်သူ့ညီမလဲ အစ်ကိုဘက်ကမလိုက်ဘူး"
"Sho မြန်မြန်လာတော့ kakuလည်းရောက်နေပြီ
သူစိတ်မရှည်တတ်တာမင်းလဲအသိပဲကို..."
YOU ARE READING
Love from Phantom Land(ShoLu) Own Creation
RandomCharacter review "မင်းဘယ်ရောက်ရောက် ငါမင်းဘေးကိုအရောက်လိုက်လာခဲ့မယ်" Rikaku "မင်းရဲ့ဘယ်လိုပုံစံကိုမဆို သဘောကျတာမို့ ငါ့အတွက်ပြောင်းလဲပေးစရာမလိုဘူး" Sho "ငါ့ရဲ့မီးတောက်တွေက ဘယ်တော့မှမင်းကိုမလောင်ကျွမ်းစေရဘူး" Luke "ငါဟာပြာတွေအဖြစ်ပြောင်းသွားရင် ငါ့မှ...