Genre - Romance
.......
EXO ၏ Show တစ်ခုတွင် Sehun တစ်ယောက်တည်း Solo ကနေချိန်တွင် ကျန်သည့်Member များက စင်အနောက်ဘက်က နားနေခန်းမှာ အနားယူနေကြသည်။Sehun ကလို့ပြီးရင် တခြားအဖွဲ့အလှည့်ရောက်ပြီမို့ အဖွဲ့သားတွေအားလုံး အေးအေးဆေးဆေးမုန့်စားနေခိုက် မအေးဆေးနိုင်တာက Chanyeol နဲ့ Baekhyun
"Baekhyun ah~"
"ဟမ်?"
Baekhyun သိသည်။Chanyeol သူ့ကို အဲ့အသံနဲ့ခေါ်ကတည်းကိုက ကောင်းတဲ့အကြောင်းတော့မဟုတ်။
"အခုဘယ်နှစ်ရက်နေ့လဲ"
"၅ရက်လေ...အဲ့တော့"
"ဟီး...အဲ့တာ ငါ့မွေးနေ့ရောက်တော့မှာလေ"
"Park Chanyeol ssi~လိုရင်းကိုပြောကွာ..မောရတဲ့ကြားထဲ!"
ပြောမဲ့အရေး မပြောဘဲ intro ဝင်နေသောPark Chanyeolကို စိတ်ပေါက်ပေါက်နဲ့အော်လိုက်သည်။
"အင်းပါ Hyun ရယ် စိတ်လျော့..စိတ်လျော့ ရေသောက်ဦးမလား "
"Chanyeol?!!"
"Baekhyun Hyung ရေ ခုဏလေးတင်သီချင်းဆိုလာတာအသံကမသေးသေးဘူးနော်.."
အကပြီးလို့ ပြန်လာသော Sehun က ရောက်ရောက်ချင်းကျတော့်အသံကိုကြား၍....လန့်ဖြန့်ပြီး ထိုသို့ပြော၏။
"မင်းတို့ကလည်းကွာ ကလူချင်လည်းတိုးတိုးတိတ်တိတ်နေကြပါ သူများတွေပင်ပန်းနေတာကို"
Suho hyung ကပါဝင်ပြောသည်။Hyung ကလည်း သူများတွေပင်ပန်းတယ်တဲ့လား တကယ်က Lay hyung နိုးသွားမှာ စိုး၍သာဖြစ်သည်မို့ Baekhyun မျက်စောင်းထိုးလိုက်သောအခါ Chanyeol က
"ချစ်စရာလေး Chu~"
"Park Chanyeol ssi~ ဘာလိုချင်လို့လူကိုလာဖားနေတာလဲ".
"အယ်..ဟုတ်သားပဲ ဘယ်ရောက်သွားပြီလဲပြောနေတာ"
Baekhyun စိတ်ကိုတင်းထားလိုက်ရင်း
"မွေးနေ့"
"အာ Maja မွေးနေ့ကျရင်လေ ဟီး Hyun လက်ဆောင်ပေးပါလား"

YOU ARE READING
Chanbaek Collection
FanfictionThis collection is only for CHANBAEK My First Creation.... Sorry For My Bad Writing Cover By @MaYa_H